Friday, August 27, 2010

အစ..အဆုံး..အချစ်..

အချစ်ဆိုတာအသုံးမချတတ်ရင်အဆိပ်.အသုံးချတတ်ရင်အင်အားပဲလို့တွေ့ရှိခဲ့ရပေမယ့်

သေချာမယ်ထင်လို့မျှော်လင့်ပြီးအားစိုက်ခဲ့တဲ့အချိန်.မျှော်လင့်သလိုမဖြစ်လာခဲ့ရင်.

ရင်းနှီးပေးဆပ်ခဲ့ရတဲ့အချိန်ကို..ဘယ်သူကမှပြန်ပေးတော့မှာမဟုတ်ဘူး..

အစကတည်းက.ရှင်းလင်းတဲ့ပန်းတိုင်ဘာလို့အချစ်ရဲ့အစမှာငါမတွေ့ခဲ့တာလည်း

ငါညံခဲ့လို့လား..သို့ ငါ့ရဲ့ကံတရားလား..

တကယ်တော့..ငါအစမ်းသပ်ခံနေရပြီလို့..သိပါလျှက်နဲ့ ရိုးသားစွာငါအချစ်ကိုစိန်ခေါ်မိတာပါ..

အဆုံးထိခရီးမပေါက်မှန်း ..သိခဲ့ရင်..ငါလူတယောက်ကိုချစ်ဖို့အတွက်

ငါ့ရဲ့တန်ဖိုးရှိတဲ့အချိန်၊ နှလုံးသား ၊ စိတ်ထား ၊ မျက်ရည် ၊ အင်အား၊ စွမ်းရည် တွေကို

ငါအသုံးမချသင့်ပါဘူး.

ဘာကြောင့်လည်းဆိုတော့..မရှင်းလင်းတဲ့အချစ်.မသဲကွဲတဲ့ပန်းတိုင်

မရေရာမှုတွေနဲ့ပြည့်နှက်နေတဲ့အချစ်ခရီးမှာ နှစ်ဉီးစလုံးအတွက်

ထိခိုက်မှုများနေလို့ပါ…..တကယ်ဆိုရင်..ငါလိုချင်တာ..

အစ.အဆုံးရှိတဲ့အချစ်ပါ

အစနဲ့အဆုံးရှိတဲ့ အချစ်ဆိုရင်..အစနဲ့အဆုံးကြားမှာ

ဘယ်ပေးဆပ်ရင်းနှီးမှုကိုမဆို. ငါရင်ဆိုင်ဖို့အသင့်ပါပဲ

နောက်တခါဆိုရင်..

ငါအပါအဝင်အားလုံးပေါ့ မြင့်မြတ်တဲ့အချစ်ဆိုတဲ့အရာကို

အသုံးချတဲ့အခါ.အစ.မှအဆုံးထိသွားနိုင်ကြပါစေ..

ခရီးအဆုံးမှာ..စိန်ခေါ်မှုတွေများနေပေမယ့်.

.ပြည့်စုံပြီးအဓိပ္ပါယ်ရှိတဲ့ဘဝအစစ်အမှန်ကိုမြင်တွေ့ရမှာ

ငါအပါအဝင်လူသားများအားလုံး..အချစ်ကိုအကျိုးရှိစွာစိန်ခေါ်နိုင်ပါစေ..

ငါအတွက်တော့..စခဲ့ပြီးသာခရီး ကိုအဆုံးထိလျှောက်ချင်ပါသေးတယ်

ငါအစကနေပြန်လျှောက်ရမှာ အင်အားမရှိတော့လို့ပါ…

No comments:

Post a Comment