Saturday, May 19, 2012

ဘာဆိုဘာမှမရှိတော့မှ......

မိခင်နဲ့ဝေးမှ မိဘမေတ္တာ ဘယ်လောက် ကြီးမားသလဲဆိုတာ ပိုနားလည်လာတယ် အစ်ကိုတွေ မောင်တွေနဲ့ဝေးမှ သူတို့ကို ပိုတမ်းတမိတယ်..တကယ့် တကယ်တော့လည်း လောကမှာ ကိုယ့်ကို ဘယ်လောက်ပဲ ချစ်ပါတယ်လို့ ပြောနေကြတဲ့ သူတွေရှိနေပေမယ့်..မိသားစုမှာရှိတဲ့ မိခင် ဖခင် ညီအစ်ကိုမောင်နှစ်မတွေရဲ့ အချစ်ကို ဘယ်သူကမှ မမှီနိုင်ပါလားဆိုတာ တွေးနေမိတယ်..

ကျွန်မအတွေးထဲ ရှိနေပါသေးတယ်..ကျွန်မကို ဘုရားသခင်က ကျောင်းတက်ခွင့်ပေးလို့ တခြားနေရာတစ်ခုမှာ သွားရတော့မယ့်အချိန် အနီးဆုံးမှာရှိပြီး အရာအားလုံးကို သူတို့ရှိသမျှ ခွန်အားလေးနဲ့ ဖေးမကူညီပေးတာ မိသားစုပါပဲ.အစ်ကိုတွေ မောင်တွေပေးတဲ့ ပိုက်ဆံလေးတွေကို စုပြီး ကျွန်မကြည့်တဲ့အခါ အရမ်း မျက်ရည် ကျမိတယ်. .အရမ်းကြီးမဆင်းရဲပေမယ့် သူတို့ ရှာထားတဲ့ ပိုက်ဆံတွေက သူတို့ချွေးနဲ့ရတဲ့ လုပ်အား ခလေးတွေပါ ..စိတ်ထဲက ကောင်းကြီးပေးနေမိပါတယ်..သူတို့တွေအားလုံး ကျမ်းမာချမ်းသာစွာနဲ့ ဘုရားကို အားကိုးပြီး ဘဝကိုဖြတ်သန်းနိုင်ကြပါစေနော်..

ဘုရားသခင်က သူ့မေတ္တာကို ပိုသဘောပေါက်နားလည်ဖို့ လောကကြီးမှာ လူသားအချင်းချင်း ချစ်ခြင်းမေတ္တာကို အဓိပ္ပါယ်အမျိုးမျိုးနဲ့ အသုံးပြုခွင့်ပေးထားတယ်..ချစ်ခြင်းမေတ္တာကို ပိုအသုံးပြုလေလေ အမြင့်ဆုံးသော ဘုရားရဲ့မေတ္တာကို ပိုနားလည်လေလေပါပဲ..

အမေက စကားတခွန်း ကျွန်မအတွက်လက်ဆောင်ပေးလိုက်တယ်. "သမီးရေတဲ့. .ဘာမဆို ရင်ဆိုင်ကျော်ဖြတ်ပါတဲ့  အမေက နေ့စဉ်ဆုတောင်းပြီး သမီးနောက်မှာ အမြဲရပ်တည်နေတယ်တဲ့" အမေ့ရဲ့ စကားတစ်ခွန်းလေးနဲ့တင် ကြုံသမျှကို နေ့စဉ်ဖြတ်သန်းဖို့ရန် အရမ်းကိုသတ္တိတွေရှိနေရပါပြီ အမေက သူ့ခွန်အားနဲ့ ကျွန်မကို အားပေးနေတာမဟုတ်ဘူးလေ သူကိုးကွယ်တဲ့ဘုရားက ဘယ်လောက် အထိမေတ္တာကြီးသလဲ ကာကွယ်စောင့်ရှောက်အားပေးနိုင်သလဲဆိုတာ သူသိနေတဲ့အတွက် သူ့ရဲ့မိခင်စိတ်ကို အကြွင်းမဲ့သုံးပြီး အကြွင်းမဲ့ပဲ သူ့အသွေးအသားထဲက မွေးဖွားလာတဲ့ သူ့သမီးဖြစ်သူ ကျွန်မအတွက် ဆုတောင်းပေးနေတာပါ..မိခင်တစ်ယောက်ရဲ့ ဆုတောင်းသံကြောင့် ကျွန်မနေ့စဉ် ဘုရားသခင်နဲ့နီးခွင့်ရတော့မယ်..ကျေးဇူးတင်တယ်..မေမေရယ်..ဆက်လက်ပြီးသမီးကို နေ့စဉ် ဘုရားလက်ထဲအပ်နှံပေးဖို့ ..ဆက်ပြီး အသက်ရှင်ပေးပါအုံးနော်...

လုပ်ငန်းခွင်မှာ လုပ်ငန်းကျွမ်းကျင်ဖို့ ၂ နှစ်လောက်ပေးဆပ်ခဲ့ရတယ်..လူတွေနဲ့အဆင်ပြေဖို့ နိမ့်ချခြင်းတွေ မေတ္တာတွေ အသုံးပြုခဲ့ရတယ်..အဲလိုအသုံးပြုခဲ့ရလို့ နာကျင်ခြင်း၊ ဝမ်းမြောက်ခြင်းတွေ အလှည့်ကျခံစားခဲ့ရတယ်.ဒေါသထွက်တဲ့အခါ ဒေါသရဲ့ ရလဒ်ကိုခံစားခဲ့ရသလို..စိတ်ရှည်သည်းခံတဲ့အခါ စိတ်ရှည်ခြင်းရဲ့ ရလဒ်ကိုခံစားခဲ့ရပါတယ်..အလုပ်လုပ်တဲ့အချိန် တစ်ခုလေး သုံးသပ်မြင်တွေ့မိတာက လူတိုင်းလူတိုင်းက ချစ်ခြင်းမေတ္တာကို အရမ်းလိုချင်ကြတာ သွားတွေ့ရတယ် ..ကိုယ့်အပေါ် သူတစ်ပါး နားလည်တာ လိုချင်တယ်..ခွင့်လွတ်တာလိုချင်တယ် ဖေးမတာလိုချင်တယ်.. သူတစ်ပါး ဂရုစိုက်တာကိုမျှော်လင့်ကြတယ်..လူတွေက ကိုယ့်ကို ဂရုမစိုက်.  အရေး မလုပ်တော့ဘူး ဆိုရင် ဒေါသထွက်တယ် ပေါက်ကွဲတယ်..ဝမ်းနည်းကြတယ်..လူလူချင်း လိုအပ်နေတဲ့ အရာတွေ ကို ပေးနိုင်ဖို့ဆိုတာ ကိုယ့်မှာရှိတဲ့ မေတ္တာနဲ့မှမရတာ..ကိုယ့်မှာရှိတဲ့ စေတနာတို့ မေတ္တာတို့ဆိုတာက အခြေအနေပေါ်မူတည်ပြီး အတက်အကျနဲ့ အမြဲတမ်းပြောင်းလဲနေတတ်တာလေ..ဒါကြောင့် သူတစ်ပါးကို စာနာနားလည်ပြီး အမြဲဖေးမနေဖို့အတွက် ဘုရားသခင်ရဲ့ မေတ္တာကို မတောင်းလို့မရဘူး ..ဘုရားပေးတဲ့ မေတ္တာကိုအသုံးပြုမှသာ..မိမိပါတ်ဝန်းကျင်မှာရှိတဲ့ မိမိနဲ့ အသွင်ခြင်းမတူတဲ့ သူတွေနဲ့ အဆင်ပြေ ချောမွေ့စွာ ပေါင်းသင်း ဆက်ဆံနိုင်မှာပါ..

တစ်ခါတစ်ရံ ဘဝမှာ ကိုယ်ဖြစ်ချင်တာတွေ ကိုယ်လိုချင်တာတွေကို ဆုံးရှုံးသွားတတ်တဲ့ အချိန်တွေရှိသလို ကိုယ်မျှော်လင့်တာတွေ မဖြစ်လာတဲ့ အချိန်လည်းရှိတတ်တယ် ရာထူးတွေ နေ့စဉ်ပုံမှန်ရတဲ့ ဝင်ငွေတွေ..နေ့စဉ်နွေးနွေးထွေးထွေးနေပေးတတ်တဲ့ မိသားစုတွေ၊  အရာတစ်ခုခုကို ရှာဖွေးရင်း ရှာဖွေးရင်း မောပန်းနွမ်းနယ်သွားခဲ့တဲ့ အချိန်တွေတွေ့ကြုံလာရတတ်ပါတယ်..
ဘာဆိုဘာမှ ဘဝအာမခံချက်မရှိတော့တဲ့အခါ..ချစ်ခင်သူတွေနဲ့ အဝေးဆုံးကိုရောက်သွားတဲ့အခါ..ခိုလှုံစရာ အရိပ်မရှိတော့တဲ့အခါ..ဘဝကိုစိန်ခေါ်ဖို့ ကိုယ့်မှာအင်အားမရှိတော့တဲ့အခါ..........

စက္ကန့်တိုင်း..မိနစ်တိုင်း..နာရီတိုင်း. ထာဝရအသက်ရှင်တဲ့ဘုရားနဲ့ နီးခွင့်ရတယ်..
မိဘမေတ္တာကိုစဉ်းစားတိုင်း..အစ်ကိုမောင်တွေမေတ္တာကိုတမ်းတတိုင်း..အကာအကွယ်မဲ့တိုင်း..ဘာဆိုဘာမှအင်
အားမရှိတော့တဲ့အခါ..ရာထူး ငွေ..ဂုဏ်ဒြပ်တွေကိုထားခဲ့ရတဲ့အခါ...ထာဝရအသက်ရှင်တဲ့ဘုရားရဲ့မေတ္တာကို ပိုနားလည်လာတယ်..


လင်းသစ္စာခိုင်ဦး

Friday, May 18, 2012

သခင်ခေါ်ရာလိုက်ခဲ့မိပြီ

အခုချိန်မှာ ဘုရားရဲ့ ခေါ်ဆောင်ရာကို တကယ်လိုက်ခဲ့ရပြီ..လောကမှာ ဝမ်းစာအတွက် ရှာဖွေရင်း လမ်းပျောက်မယ့်ဘဝကနေ.ဘယ်လိုပဲ ဘဝမုန်တိုင်းတွေလာလာ.ပြန်ပြီး မတ်တပ်ရပ် ရင်ဆိုင်နိုင်ရန်အတွက် အရေးကြီးဆုံး ဖြစ်တဲ့ အုတ်မြစ်တွေကို ပြန်ချနေရပြီ..

ကိုယ့်စိတ်ကြိုက်အသက်ရှင်ချင်ပေမယ့် ဘုရားကိုတော့ ကြောက်မိတယ်..ဘုရားစေခိုင်းရာကို ဘယ်လိုမှမငြင်းဆန်ရဲဘူး ..အမြဲတမ်း ထာဝရ လောကဓံကြားမှာ.ခိုင်ခန့်စွာအသက်ရှင်နိုင်ဖို့ သင်တန်းလာတက်နေတယ်လို့သဘောထားမိတယ်..

သင်တန်းတဲ့ချိန်မှာ မုန်တိုင်းတွေအားလုံးကိုကျော်လွှားနိုင်ဖို့ တစ်ပါးတည်းသော တစ်ဆူတည်းသော အသက်ရှင်သော ဘုရားဆီမှာနေ့စဉ်တောင်းဆုချွေနေမိပါတယ်..
အိမ်ပြန်ချင်စိတ်တွေရှိနေတယ်..မိသားစုနဲ့ဝေးရာမှာ အကြာကြီးမနေချင်ပါဘူး..ဒါပေမယ့် တစ်ဘဝစာ ခိုင်ခန့်ဖို့ တစ်ခဏတာလေး အနစ်နာခံရမှာပါလားဆိုတဲ့ စိတ်ကလေးနဲ့ အနာဂါတ်ကိုမျှော်ကြည့်ရင်း အခုကြုံနေရတဲ့ အခက်အခဲတွေ စိတ်မွန်းကြပ်မှုတွေ ခန္ဓာဆင်းရဲမှုတွေကိုအတတ်နိုင်ဆုံး သည်းခံကျော်လွားနိုင်အောင်ပြင်ဆင်မှာပါ..

အခုချိန်မှာ အတူရှိနေတာ ဘုရားတစ်ပါးတည်းပါပဲ..ဘာမဆို ဘုရားကို မိဘလို သဘောထားပြီး အမြဲရင်ဖွင့် တိုင်ပင်မိပါတယ်..အေးမြတဲ့သူ့မေတ္တာ တစ်ခုတည်းကပဲ တန်ဖိုးတွေ ရင်ဆိုင်နိုင်တဲ့သတ္တိတွေ ဆာငတ်နေတဲ့ မေတ္တာတွေ စိုးရိမ်စိတ်တွေကနေ အေးချမ်းမှုတွေ ကြောက်စိတ်တွေကနေ သတ္တိတွေရှိလာအောင် တစ်နေ့ပြီးတစ်နေ့ ခေါ်ဆောင်နေပါတယ်.

သခင့်ခေါ်ရာလိုက်ခဲ့မိပြီ..လမ်းပြပါ စကားပြောပါ..အတူရှိပေးပါ..

လင်းသစ္စာခိုင်ဦး

for mom !!


Honoring for Mom..
Dear Mom..I miss u so much!! I wish you have a good health, joy and peace..
When I am away from u Mom, I feel more about ur love, care and kindness.
You are the only one who understand me the best!!
When I fell down in the pit, I found your hand only to get up..
Whenever I felt depressed in life, you encouraged me to get happy in life..
With you Mom, I realized your abundant love, your sacrifices and your everlasting mercy..
Really thanks to God for having u in my life Mom. You are the real hero for me !!
I wish you still have long life for me & I will have great time with u forever Mom..
Lin