Monday, September 27, 2010

ဘယ်အချစ်က ပိုလေးနက်မလဲ……….?

ဘယ်အချစ်က ပိုလေးနက်မလဲ……….?
ရှိမှ ချစ်တဲ့လူ
မရှိလည်း ချစ်မည့်သူ
မြင်မှငြိမယ့် သံယောဇဉ်
မမြင်လည်းရစ်မည့် ကြိုးအမျှင်
ထိမှသိမည့် ကြင်နာမှု
မထိလည်းမြဲမည့် ခံစားမှု
နီးမှ ခိုင်မည့်နှလုံးသား
ဝေးလည်း စူးနစ်သွားမည့်အချစ်မျှား
တွေ့မြင်နီးလို့ ချစ်ကြသလို
မတွေ့မြင် ဝေးလည်း အချစ်စစ်တာပဲ..
ဘယ်အရာက ပိုလေးနက်မလဲ…………….

လင်းသစဿစာခိုင်ဦး

လာမခှောရင်နေပာ..ကြိုနေပေးပာ……

* အကောင်းဆုံးနှစ်ခုထဲက တစ်ခုကိုရွှေးလာတဲ့ချိန် …
အသိုင်းအဝိုင်းနှစ်ခုထဲက တစ်ခုကိုစွန့်လွှတ်တဲ့ချိန်
ကျင်လည်ပြီးသား အသိုက်အမြုံကိုထားခဲ့ချိန် …
နေရာသစ်တွက် အဆင်သင့်ဖြစ်ရဲ့လား……

* ရှေ့ဆက်လှမ်းဖို့လည်း လမ်းပြသူမရှိ
နောက်ဆုတ်ဖို့လည်း ခံနိုင်ရည်မရှိ
လမ်းလယ်ကနေ နာကျင်နေမိ
အစွန်းနှစ်ခုကြား ဆုံးဖြတ်ချက်များ

* ပူလောင်မှုတွေ ငြိမ်းချမ်းချင်ပြီ
ဆုံးဖြတ်ချက်တွေ ချချင်နေပြီ
နေရာသစ်ဆီ လှမ်းလာချင်ပြီ
လက်ကမ်းပေး၍ ကြိုနေပေးပာ……

လင်းသစဿစာခိုင်ဦး…..

Monday, September 20, 2010

မေမေ သမီးအတွက် အသက်ရှင်ပေးပာ…….

ဒီမနက်…ကျွန်မအလုပ်မသွားခင်..အမေက ထမင်းဘူးထည့်ပေးတယ်..နေ့စဉ်ရေသောက်ဖို့ ဆေးသောက်ဖို့ ကျမ်းမာရေးကိုဂရုစိုက်ဖို့ အမေမှာနေတာကို…ဘတ်စ်ကားပှောမှာ ကျွန်မစဉ်းစားရင်း… အမေသာမရှိခဲ့ရင် …အမေသာကျွန်မအနားကပျောက်ကွယ်သွားခဲ့ရင်…အိုးမတွေးရဲဘူးမေမေရယ်…
မေမေသမီးအနားက ပျောက်ကွယ် မသွားပာနဲ့အုံးနှော..မေမေက ဒီမနက်မှာ ပုန်းရည်ကြီးကို ဘယ်လို သုတ်ရသလဲ ဆိုတာကိုသင်ပေးတယ်..အသက် ၃၀ ရှိတဲ့သမီးတယောက် ..အိမ်ထောင်ကျလို့ ကလေးတွေတောင် ရှိနိုင်တဲ့အရွယ်ကိုတောင် မေမေက ကလေးလေးလို ပြုစုနေတုန်းပာပဲ…..အကြောင်း အမျိုးမျိုးကြောင့် ဒီအသက်အရွယ်အထိ အိမ်ထောင် မကျသေးတာလည်း မေမေ့နားမှာ မေမေ့မေတဿတာကို အပြည့်အဝခံစားခွင့်တွေ ရှိနေတာဟာ ကျွန်မအတွက်ပြည့်ဝပာတယ်…..
ထစ်ကနဲဆို မျက်ရည်လွယ်ပြီး စိတ်ထိခိုက်လွယ်တဲ့ကျွန်မကို မေမေက စိတ်ဓာတ်တွေခိုင်မာဖို့ သင်ပေးခဲ့တယ်
တခာကပော့ ကျွန်မမှတ်မိနေပာသေးတယ်….ကျွန်မသိပ်ချစ်တဲ့ချစ်သူ က ကျွန်မကိုပြတ်စာလိုပုံစံရေးတုန်းက ကျွန်မနှလုံးသားတွေ ကွဲအက်ပြီး အိပ်ရာထဲမှာ ငိုယိုနေတာ ထမင်းမစားနိုင် ဟင်းမစားနိုင်နဲ့ ပိန်ကျသွားတဲ့ ကျွန်မကို မေမေပဲ အားပေးခဲ့တာပာ..ကျွန်မသိပ်ချစ်တဲ့ချစ်သူကတောင် ကျွန်မရဲ့ကြေကွဲမှုတွေကို မမြင်နိုင်တာ အနီးဆုံးမှာရှိနေတဲ့ မေမေကတော့ ကျွန်မဘာခံစားသလဲ ဘယ်လိုစိတ်ထားရှိရမလဲ ဘယ်လိုစိတ်ဓာတ်တွေ ခိုင်မာရမလဲ သင်ခာရ သဘောတရားတွေကို သူ့ဘဝ သူဖြတ်သန်းမှုနဲ့ ယဉ်ပြီးဆုံးမနေတဲ့ မေမေ့ကို ကျွန်မအရမ်း ကျေးဇူးတင်မိပာတယ်..
တခုခုကိုခောင်းမာမာနဲ့ လိုချင်ပြီဆိုရင် ဘာကိုမှမစဉ်းစားပဲ လုပ်တတ်တဲ့ကျွန်မကို မေမေက တဇွတ်ထိုးမလုပ်ဖို့ရန် အမြဲသွန်သင်ပာတယ်..အိမ်မှာဆိုရင် အစ်ကိုတွေ မောင်တွေနဲ့ဖက်လည်း တကင်းနေလေ့မရှိတဲ့ ကျွန်မအကျင့်၊ သီးသန့်နေပြီး ကိုယ်လုပ်ချင်တာကို လုပ်တတ်တဲ့ကျွန်မကို …မိသားစုရဲ့နွေးထွေးတဲ့တန်ဖိုး၊ အစ်ကိုမောင်တွေရဲ့ မေဿ တဿတာကို နားလည်အောင် အမြဲဆုံးမပေးတဲ့ မေမေပာ ကျွန်မတိုးတက်တာကိုအမြဲသဘောကျနေတဲ့မေမေ..ကျွန်မအမြင့်ရောက်အောင်အမြဲတွေးပေးတဲ့မေမေ…
မေမေစိတ်မပူနဲ့နှော..မေမေ့နားမှာ မေမေ့ကိုပြုစုဖို့ မေမေ့သားတွေ အဝေးကိုရောက်သွားနေရင်လည်း သမီးကတော့ မေမေ့နားမှာရှိနေမှာပာ..အခု သမီးကြိုးစားနေတယ် ..မေမေပြောတဲ့ စိတ်ဓာတ်တွေနဲ့ လောကကြီးမှာ ရပ်တည်နိုင်အောင်နဲ့ မေမေ့ကိုအကောင်းဆုံး လုပ်ကျွေးပြုစုနိုင်အောင် သမီးကြိုးစားနေပာတယ် ..မေမေကျေးဇူးပြုပြီး သမီးကိုခဏလေးစောင့်ပေးပာနှော… မေမေကိုသမီးပိုချစ်လာတယ်..လောကမှာ ဘဝကိုရင်ဆိုင်တဲ့အခာ ရှုံးနိပ်မှုတွေ၊ပူလောင်မှုတွေ၊ လောကဓံတရားတွေရင်ဆိုင်ရတိုင်း မေမေ ကျွန်မတို့မောင်နှစ်မ ၄ ယောက်ကို ဒီအရွယ်ထိပညာတတ်တွေဖြစ်အောင် ဘယ်လိုစိတ်နဲ့များ ရုန်းကန်ခဲ့ သလဲဆိုတာ အရမ်းကိုအံဩမိပာတယ် ..ကျွန်မ ထင်ထင်ရှားရှား မြင်တွေ့ လိုက်ပာတယ် ..မေမေနှလုံးသားထဲမှာ သားသမီးကိုချစ်တဲ့စိတ် တစ်ခုထဲကသာ အရာအားလုံးကိုမေမေခံနိုင်ပြီး ကျှောလွား ရင်ဆိုင်ဖြတ်သန်းခဲ့တာပာ။ ဘယ်လောက်ခက်ခက် သားသမီးကိုချစ်တဲ့စိတ်က မေမေ့အသွေးအသားထဲမှာ တစ်ချိန်လုံး စီးဆင်းနေတော့ မေမေရှေ့မှာ ဘယ်လိုအနဿတရယ်၊ ဘယ်အခက်အခဲပဲဖြစ်ဖြစ် အသေးအဖွဲဖြစ်ခဲ့သလို..မေမေအမြဲလောကဓံရဲ့ အထက်မှာ ရှိခဲ့တာပော့…မေတဿတာဟာတန်ခိုးရှိတယ် ..အရာအားလုံးကိုကျှောလွှားနိုင်စွမ်းရှိတယ်..ဘယ်လောက်ပဲပညာတတ်တတ်၊ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ငွေနဲ့စည်းစိမ်းက လောကဓံကို မေက်ာှလြားနိုင္ပာဘူး ..ေမတဿတာတစ္ခုကသာ လောကဓံကို ကျှောလွှားနိုင်တာပာ ..မေတဿတာစစ်ဖို့တော့လိုတာပော့…မေတဿတာတွေထဲမှာ မေမေ့မေတဿတာကသာအခုထိ တန်ခိုးအကြီးဆုံးလို့ ကျွန်မမြင်တွေ့နေမိပာတယ်…မေမေနေရာမှာ ကျွန်မတစ်ချိန်ချိန်မှာ ရောက်ရှိလာအုံးမှာပာ..
မေမေလို့ လောကဓံကို ရင်ဆိုင်နိုင်အောင် ကျွန်မနှလုံးသားထဲမှာ အနှိုင်းမဲ့မေတဿတာကို သက်ဝင် စီးဆင်းစေရမှာပော့..မေမေကျေးဇူးကိုဆပ်လည်း သမီးဒီတသက်ကျေနိုင်မှာမဟုတ်ပာဘူး…ဒာပေမယ့်မေမေရယ် မေမေ့မေတဿတာကိုအံမတုနိုင်တဲ့ သမီးရဲ့မေတဿတာလေးကို မေမေလက်ခံပေးဖို့ ဆက်လက် အသက်ရှင်ပေးပာ မေမေရယ်…
မေမေ့အတွက်..လင်းသစဿစာခိုင်ဦး

Friday, September 10, 2010

ခေတ်မှီခြင်းက..အဆုံးအဖြတ်ပေးမှာလား

ခေတ်မှီခြင်းက..အဆုံးအဖြတ်ပေးမှာလား…..
ဘဝမှာ တခါတလေတော့ စိတ်ဓာတ်ကျခြင်း တွေနဲ့ ကြုံတွေ့ရတာပါပဲ..အဲဒီထဲမှာ အဆိုးဆုံးက..မိမိဘယ်နေရာကို ဦးတည်ပြီး သွားနေသလဲဆိုတာ မသိခြင်းက..အဆိုးဆုံး စိတ်ဓာတ် ကျဆင်းမှူပါပဲ..ကျွန်မအတွက်ပြောတာပါ..တခြားသူတွေတော့ ဘယ်အချိန်ဟာ စိတ်ဓာတ် အကျဆုံးလဲ ဆိုတာတော့မသိဘူး…..
တခါတလေတော့လည်း နိုင်ငံအခြေအနေကြောင့် ၊ စီးပွားရေးအခြေအနေကြောင့် ၊ မိသားစု ကျောထောက် နောက်ခံ အားနည်းမှုတွေကြောင့် မိမိဖြစ်ချင်တဲ့ ပန်းတိုင်နဲ့ လက်ရှိဘဝအခြေအနေဟာ ဝေးနေတတ်ပါတယ်…
အခုခေတ်ဆိုရင်..ဟိုးအရင်တုန်းကလိုမှ မဟုတ်တော့တာ..ကြိုးစားရင် ဘုရားတောင် ဖြစ်နိုင်တယ်ဆိုတဲ့ ဆောင်ဗုဒ် ၊ ရိုးရှိးကျင့် မြင့်မြင့်ကြံ ၊ ယောက်င်္ကျားတို့ဇွဲ သေခါမှလျှော့ ဆိုတဲ့ ဦးတည်ချက်တွေနဲ့ ကြိုးစား ကြညပါသေးတယ်..အမောတပိုင်းနဲ့ မမြင်နိုင်တဲ့ခရီးကို ပြေးနေသလိုပဲ ခံစားမိတယ်…အခွင့်အရေးကို မြင်နိုင်တဲ့သူ အကွက်ကျကျ တွေးတတ်တဲ့သူ..အကပ်ကောင်းတဲ့ သူတွေပဲ..ရှေ့ရောက်သွားသလို ခံစားမိလပါ..ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် မိမိအသွေးအသားထဲမှာ ရှိနေတဲ့ ရိုးသားခြင်း၊ ဖြောင့်မတ်ခြင်း ၊ ဖြူစင်ခြင်းတွေကိုတော့ အမြဲရှင်သန်အောင်တော့ ထားရမှာပဲ..ဒီဘဝမှာ အကျိုးမခံစားရင်တောင်မှ.နောင်ဘဝအတွက် ကောင်းမှုကုသိုလ် တခုရနိုင်အောင်လို့ပါ….
လူတွေဟာခေတ်ဆန်တာကို အရမ်းသဘောကျလာတဲ့အတွက်..ခေတ်ဆန်တာနဲ့ တန်ဖိုးကို ရောနှောနေကြ ပြန်ရော..အင်တာနက်ခေတ်..facebookတွေ ၊ ibod တွေ ၊ Cell Phone တွေ Technoloy ပိုင်းမှာ အရမ်းကို တိုးတက်လာလို့  ဆက်သွယ်ရေး..Net work ချိတ်ဆက်မှုတွေဟာ အရင်ကထက် တိုးတက်လာလို့ အရမ်းကို အားရစရာ ကောင်းတဲ့အပြင်..စိတ်ကြိုက်မိမိတို့ စီးပွားရေးလုပ်ငန်း..privacy ပိုင်းမှာလည်း ဖန်တီးနိုင်ကြပာတယ်..အချိန်မိနစ် တိုတိုလေးအတွင်းမှာ မိမိစိတ်ကြိုက် သတင်းအချက်အလက် information  မိတ်ဆွေ လုပ်ဖှောဆောင်ဖက်တွေနဲ့ ချိတ်ဆက်ပြီး လုပ်ငန်းတွေ ကြှောငြာတွေ မီဒီယာ သတင်းတွေ အရင်ကထက် ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်လာနိုင် ကြတာ..အရမ်းကို အားကျစရာ ကောင်းပြီး တိုးတက်စရာ တခုပါပဲ..
ဒါပေမယ့် ကျွန်မ ခံစားမိပါတယ်..ဝမ်းနည်းစရာ ကောင်းတဲ့ အရာက..ခေတ်ရှေ့ ပြေးတာနဲ့အညီ..အကျင့် habit တွေ ၊ love တန်ဖိုးထားတာတွေ၊ မိတ်ဆွေစစ်.ခင်မင်ရင်းနှီး တာတွေ ဟာ..ခေတ်နဲ့ ရောနှော သွား တတ်ပါသလား…အရင်ကဆိုရင် မိန်းကလေး တယောက်ကို ချစ်ကြိုက်ဖို့အတွက် အရမ်းကို အရိုန်ယူပြီး ပေးဆပ်ကျတဲ့ ယောင်္ကျားလေးတွေ၊  love ကိုပြန်တုန့်ပြန်ဖို့ သေချာဆန်းစစ်ပြီးမှ ချစ်တယ်လို့ တုန့်ပြန်တတ်တဲ့ မိန်းကလေးတွေ ၊ အခုများကျတော့ ချက်တင်ထိုင်ရင်း ချစ်သူရှာ ဘာဘာညာညာ သေချာမသိပဲ ချစ်တယ်လို့ ၃ ယောက်ထက် မနည်း စတွေးမျိုသလို လွယ်လိုက်ကြတာ..အချစ်ကိုဘာကြောင့်များ ပြီးစလွယ် အသုံးပြုနေကြပာလိမ့်လို့ ကျွန်မ စဉ်းစားမိရင်း..စိတ်ထိခိုက် မိပါတယ်.မိမိနိုင်ငံမှာ အခြားနိုင်ငံတွေထက် တိုးတက်အောင် မနည်း အရှိန်ယူ အားစိုက် နေရတာတောင်..တခြား နိုင်ငံတွေကို မယှဉ်သာသေးတဲ့ ကျွန်မတို့ဟာ..ခေတ်ရှေ့ ပြေးတဲ့ အရာတွေကို..မိမိတိုးတက်ဖို့..မိမိလုပ်ငန်း တွင်ကျယ်ဖို့ ..အများ အကျိုးရှိစေ ဖို့ နိုင်ငံ တိုးတက်ဖို့ အတွက် အသုံးချ သင့်ပါတယ်လို့ တွေးနေမိပာတယ်…
ကျွန်မကတော့လေ..အခုချိန်မှာ မိမိဖြစ်ချင်တဲ့ ပန်းတိုင်နဲ့ ဖြစ်နေတဲ့ ဘဝဟာ အရမ်းကို ကွာခြားနေတယ်ဆိုတာ သိပါတယ်..ဒါပေမယ့် မလျှော့သောဇွဲ..တွေနဲ့ မိမိလက်ရှိ အခြေအနေကို အကောင်းဆုံးဖြစ်အောင် ခြေကုပ်ယူရင်း မြတ်စွာဘုရား ဟောကြား သလိုပဲပေါ့..ကောင်းမှုကုသိုလ်လုပ်ရင် အဲဒီအကျိုးကို ပြန်ခံစားရတယ်ဆိုတော့..အလောဘ၊ အဒေါသ၊ အမောဟ တွေပဲဖြစ်အောင် နှလုံးသွင်း ရင်း သွားနေမယ် ဆိုရင်..ကံတရားဆိုတာ ဖြောင့်မတ်သောသူ ၊ ရိုးသားသောသူ ၊ဖြူစင်သောသူတို့ ဖက်မှာ ရှိနေမှာပါ…ရှေ့ပြေးနေတဲ့ ခေတ်ကို အမှီလိုက်ရင်း..အဲဒီ ခတ်ရှေ့ပြေးတွေဟာ..ဘဝတိုးတက်ဖို့အတွက် ပစဿစည်း ကရိယာတွေ အဖြစ်ပဲ သဘောထားရင်း…လက်ရှိ အခြေအနေကို ကြည့်ရင်း စိတ်ဓာတ် အင်အား ကျဆင်းနေတဲ့ စိတ်ကို အမြန် ကောက်တင်ရင်း..မိမိအထဲမှာ ပေါက်ဖွားနေတဲ့ ဖြူစင်ခြင်း ၊ ရိုးသားခြင်း ၊ ဖြောင့်မတ်ခြင်း နှင့် ချစ်ခြင်း တရားတွေကို အသုံးပြုရင်း…ပြန်ထပြီး..အရှေ့ကိုကြည့်ကာအားယူနေမှာပါ. အဲဒီအရာတွေ သုံးလို့ အတယ်၊ ဉာဏ်မရှိဘူး ၊ ခေတ်မမှီဘူးလို့ တော့ မထင်လိုက် ပါနဲ့..ရိုးသားဖြူစင်ခြင်းဟာ..ရိုးအပြီး အသိဉာဏ် မရှိတာ မဟုတ်ပါဘူး ..တရား ကို လက်တွေ့ဘဝ နယ်ပယ်ထဲမှာ အသုံးချတာဟာ အခု ဘဝအတွက် ရော..နောက်ဘဝ အထိပါ.ပါသွားမယ့် အရာတွေပာ…တနေ့နေ့ တချိန်ချိန်မှာ ချစ်ခြင်း စေတနာ တရားသာ အားလုံး အတွက် ခိုလှုံရာ..နားခိုရာဆိုတာ သဘောပေါက်လာကြမှာပါ.ဒါကြောင့် ခေတ်ရှေ့ပြေးတဲ့ အရာတွေကိုအသုံးပြုရင်း ချစ်ခြင်းကို ( မိတ်ဆွေကြား ၊ ချစ်သူကြား ၊ ဇနီးမောင်နှံကြား ၊လုပ်ဖော်ဆောင်ဖက်ကြား ) ကိုလည်း..အထူးတန်ဖိုး ထား လေးနက်စွာ တည်ဆောက် နိုင်ကြပါစေ…စိတ်ဓာတ် ကျဆင်းနေတဲ့ အချိန်မှာ..မိမိဘဝရှေ့ဆက်နိုင်ဖို့..ချစ်ခြင်းတရားကပဲ တွန်းပို့ပေးနိုင်တာပါ..အဲဒီချစ်ခြင်း   စေတနာ ပိုင်ရှင်ကို.ကျွန်မအရာအားလုံးထက် တန်ဖိုးထားပါတယ်….တွေ့လည်းတွေ့ချင်ပါတယ်..သူနဲ့လည်းအမြဲအတူ
နေချင်ပါတယ်..စိတ်ဓာတ်ကျ ဘဝမှာ လမ်းပျောက်တိုင်း သူလက်ကိုဆွဲပြီး ပြန်ထချင်လို့ပါ