Monday, September 27, 2010

ဘယ်အချစ်က ပိုလေးနက်မလဲ……….?

ဘယ်အချစ်က ပိုလေးနက်မလဲ……….?
ရှိမှ ချစ်တဲ့လူ
မရှိလည်း ချစ်မည့်သူ
မြင်မှငြိမယ့် သံယောဇဉ်
မမြင်လည်းရစ်မည့် ကြိုးအမျှင်
ထိမှသိမည့် ကြင်နာမှု
မထိလည်းမြဲမည့် ခံစားမှု
နီးမှ ခိုင်မည့်နှလုံးသား
ဝေးလည်း စူးနစ်သွားမည့်အချစ်မျှား
တွေ့မြင်နီးလို့ ချစ်ကြသလို
မတွေ့မြင် ဝေးလည်း အချစ်စစ်တာပဲ..
ဘယ်အရာက ပိုလေးနက်မလဲ…………….

လင်းသစဿစာခိုင်ဦး

လာမခှောရင်နေပာ..ကြိုနေပေးပာ……

* အကောင်းဆုံးနှစ်ခုထဲက တစ်ခုကိုရွှေးလာတဲ့ချိန် …
အသိုင်းအဝိုင်းနှစ်ခုထဲက တစ်ခုကိုစွန့်လွှတ်တဲ့ချိန်
ကျင်လည်ပြီးသား အသိုက်အမြုံကိုထားခဲ့ချိန် …
နေရာသစ်တွက် အဆင်သင့်ဖြစ်ရဲ့လား……

* ရှေ့ဆက်လှမ်းဖို့လည်း လမ်းပြသူမရှိ
နောက်ဆုတ်ဖို့လည်း ခံနိုင်ရည်မရှိ
လမ်းလယ်ကနေ နာကျင်နေမိ
အစွန်းနှစ်ခုကြား ဆုံးဖြတ်ချက်များ

* ပူလောင်မှုတွေ ငြိမ်းချမ်းချင်ပြီ
ဆုံးဖြတ်ချက်တွေ ချချင်နေပြီ
နေရာသစ်ဆီ လှမ်းလာချင်ပြီ
လက်ကမ်းပေး၍ ကြိုနေပေးပာ……

လင်းသစဿစာခိုင်ဦး…..

Monday, September 20, 2010

မေမေ သမီးအတွက် အသက်ရှင်ပေးပာ…….

ဒီမနက်…ကျွန်မအလုပ်မသွားခင်..အမေက ထမင်းဘူးထည့်ပေးတယ်..နေ့စဉ်ရေသောက်ဖို့ ဆေးသောက်ဖို့ ကျမ်းမာရေးကိုဂရုစိုက်ဖို့ အမေမှာနေတာကို…ဘတ်စ်ကားပှောမှာ ကျွန်မစဉ်းစားရင်း… အမေသာမရှိခဲ့ရင် …အမေသာကျွန်မအနားကပျောက်ကွယ်သွားခဲ့ရင်…အိုးမတွေးရဲဘူးမေမေရယ်…
မေမေသမီးအနားက ပျောက်ကွယ် မသွားပာနဲ့အုံးနှော..မေမေက ဒီမနက်မှာ ပုန်းရည်ကြီးကို ဘယ်လို သုတ်ရသလဲ ဆိုတာကိုသင်ပေးတယ်..အသက် ၃၀ ရှိတဲ့သမီးတယောက် ..အိမ်ထောင်ကျလို့ ကလေးတွေတောင် ရှိနိုင်တဲ့အရွယ်ကိုတောင် မေမေက ကလေးလေးလို ပြုစုနေတုန်းပာပဲ…..အကြောင်း အမျိုးမျိုးကြောင့် ဒီအသက်အရွယ်အထိ အိမ်ထောင် မကျသေးတာလည်း မေမေ့နားမှာ မေမေ့မေတဿတာကို အပြည့်အဝခံစားခွင့်တွေ ရှိနေတာဟာ ကျွန်မအတွက်ပြည့်ဝပာတယ်…..
ထစ်ကနဲဆို မျက်ရည်လွယ်ပြီး စိတ်ထိခိုက်လွယ်တဲ့ကျွန်မကို မေမေက စိတ်ဓာတ်တွေခိုင်မာဖို့ သင်ပေးခဲ့တယ်
တခာကပော့ ကျွန်မမှတ်မိနေပာသေးတယ်….ကျွန်မသိပ်ချစ်တဲ့ချစ်သူ က ကျွန်မကိုပြတ်စာလိုပုံစံရေးတုန်းက ကျွန်မနှလုံးသားတွေ ကွဲအက်ပြီး အိပ်ရာထဲမှာ ငိုယိုနေတာ ထမင်းမစားနိုင် ဟင်းမစားနိုင်နဲ့ ပိန်ကျသွားတဲ့ ကျွန်မကို မေမေပဲ အားပေးခဲ့တာပာ..ကျွန်မသိပ်ချစ်တဲ့ချစ်သူကတောင် ကျွန်မရဲ့ကြေကွဲမှုတွေကို မမြင်နိုင်တာ အနီးဆုံးမှာရှိနေတဲ့ မေမေကတော့ ကျွန်မဘာခံစားသလဲ ဘယ်လိုစိတ်ထားရှိရမလဲ ဘယ်လိုစိတ်ဓာတ်တွေ ခိုင်မာရမလဲ သင်ခာရ သဘောတရားတွေကို သူ့ဘဝ သူဖြတ်သန်းမှုနဲ့ ယဉ်ပြီးဆုံးမနေတဲ့ မေမေ့ကို ကျွန်မအရမ်း ကျေးဇူးတင်မိပာတယ်..
တခုခုကိုခောင်းမာမာနဲ့ လိုချင်ပြီဆိုရင် ဘာကိုမှမစဉ်းစားပဲ လုပ်တတ်တဲ့ကျွန်မကို မေမေက တဇွတ်ထိုးမလုပ်ဖို့ရန် အမြဲသွန်သင်ပာတယ်..အိမ်မှာဆိုရင် အစ်ကိုတွေ မောင်တွေနဲ့ဖက်လည်း တကင်းနေလေ့မရှိတဲ့ ကျွန်မအကျင့်၊ သီးသန့်နေပြီး ကိုယ်လုပ်ချင်တာကို လုပ်တတ်တဲ့ကျွန်မကို …မိသားစုရဲ့နွေးထွေးတဲ့တန်ဖိုး၊ အစ်ကိုမောင်တွေရဲ့ မေဿ တဿတာကို နားလည်အောင် အမြဲဆုံးမပေးတဲ့ မေမေပာ ကျွန်မတိုးတက်တာကိုအမြဲသဘောကျနေတဲ့မေမေ..ကျွန်မအမြင့်ရောက်အောင်အမြဲတွေးပေးတဲ့မေမေ…
မေမေစိတ်မပူနဲ့နှော..မေမေ့နားမှာ မေမေ့ကိုပြုစုဖို့ မေမေ့သားတွေ အဝေးကိုရောက်သွားနေရင်လည်း သမီးကတော့ မေမေ့နားမှာရှိနေမှာပာ..အခု သမီးကြိုးစားနေတယ် ..မေမေပြောတဲ့ စိတ်ဓာတ်တွေနဲ့ လောကကြီးမှာ ရပ်တည်နိုင်အောင်နဲ့ မေမေ့ကိုအကောင်းဆုံး လုပ်ကျွေးပြုစုနိုင်အောင် သမီးကြိုးစားနေပာတယ် ..မေမေကျေးဇူးပြုပြီး သမီးကိုခဏလေးစောင့်ပေးပာနှော… မေမေကိုသမီးပိုချစ်လာတယ်..လောကမှာ ဘဝကိုရင်ဆိုင်တဲ့အခာ ရှုံးနိပ်မှုတွေ၊ပူလောင်မှုတွေ၊ လောကဓံတရားတွေရင်ဆိုင်ရတိုင်း မေမေ ကျွန်မတို့မောင်နှစ်မ ၄ ယောက်ကို ဒီအရွယ်ထိပညာတတ်တွေဖြစ်အောင် ဘယ်လိုစိတ်နဲ့များ ရုန်းကန်ခဲ့ သလဲဆိုတာ အရမ်းကိုအံဩမိပာတယ် ..ကျွန်မ ထင်ထင်ရှားရှား မြင်တွေ့ လိုက်ပာတယ် ..မေမေနှလုံးသားထဲမှာ သားသမီးကိုချစ်တဲ့စိတ် တစ်ခုထဲကသာ အရာအားလုံးကိုမေမေခံနိုင်ပြီး ကျှောလွား ရင်ဆိုင်ဖြတ်သန်းခဲ့တာပာ။ ဘယ်လောက်ခက်ခက် သားသမီးကိုချစ်တဲ့စိတ်က မေမေ့အသွေးအသားထဲမှာ တစ်ချိန်လုံး စီးဆင်းနေတော့ မေမေရှေ့မှာ ဘယ်လိုအနဿတရယ်၊ ဘယ်အခက်အခဲပဲဖြစ်ဖြစ် အသေးအဖွဲဖြစ်ခဲ့သလို..မေမေအမြဲလောကဓံရဲ့ အထက်မှာ ရှိခဲ့တာပော့…မေတဿတာဟာတန်ခိုးရှိတယ် ..အရာအားလုံးကိုကျှောလွှားနိုင်စွမ်းရှိတယ်..ဘယ်လောက်ပဲပညာတတ်တတ်၊ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ငွေနဲ့စည်းစိမ်းက လောကဓံကို မေက်ာှလြားနိုင္ပာဘူး ..ေမတဿတာတစ္ခုကသာ လောကဓံကို ကျှောလွှားနိုင်တာပာ ..မေတဿတာစစ်ဖို့တော့လိုတာပော့…မေတဿတာတွေထဲမှာ မေမေ့မေတဿတာကသာအခုထိ တန်ခိုးအကြီးဆုံးလို့ ကျွန်မမြင်တွေ့နေမိပာတယ်…မေမေနေရာမှာ ကျွန်မတစ်ချိန်ချိန်မှာ ရောက်ရှိလာအုံးမှာပာ..
မေမေလို့ လောကဓံကို ရင်ဆိုင်နိုင်အောင် ကျွန်မနှလုံးသားထဲမှာ အနှိုင်းမဲ့မေတဿတာကို သက်ဝင် စီးဆင်းစေရမှာပော့..မေမေကျေးဇူးကိုဆပ်လည်း သမီးဒီတသက်ကျေနိုင်မှာမဟုတ်ပာဘူး…ဒာပေမယ့်မေမေရယ် မေမေ့မေတဿတာကိုအံမတုနိုင်တဲ့ သမီးရဲ့မေတဿတာလေးကို မေမေလက်ခံပေးဖို့ ဆက်လက် အသက်ရှင်ပေးပာ မေမေရယ်…
မေမေ့အတွက်..လင်းသစဿစာခိုင်ဦး

Friday, September 10, 2010

ခေတ်မှီခြင်းက..အဆုံးအဖြတ်ပေးမှာလား

ခေတ်မှီခြင်းက..အဆုံးအဖြတ်ပေးမှာလား…..
ဘဝမှာ တခါတလေတော့ စိတ်ဓာတ်ကျခြင်း တွေနဲ့ ကြုံတွေ့ရတာပါပဲ..အဲဒီထဲမှာ အဆိုးဆုံးက..မိမိဘယ်နေရာကို ဦးတည်ပြီး သွားနေသလဲဆိုတာ မသိခြင်းက..အဆိုးဆုံး စိတ်ဓာတ် ကျဆင်းမှူပါပဲ..ကျွန်မအတွက်ပြောတာပါ..တခြားသူတွေတော့ ဘယ်အချိန်ဟာ စိတ်ဓာတ် အကျဆုံးလဲ ဆိုတာတော့မသိဘူး…..
တခါတလေတော့လည်း နိုင်ငံအခြေအနေကြောင့် ၊ စီးပွားရေးအခြေအနေကြောင့် ၊ မိသားစု ကျောထောက် နောက်ခံ အားနည်းမှုတွေကြောင့် မိမိဖြစ်ချင်တဲ့ ပန်းတိုင်နဲ့ လက်ရှိဘဝအခြေအနေဟာ ဝေးနေတတ်ပါတယ်…
အခုခေတ်ဆိုရင်..ဟိုးအရင်တုန်းကလိုမှ မဟုတ်တော့တာ..ကြိုးစားရင် ဘုရားတောင် ဖြစ်နိုင်တယ်ဆိုတဲ့ ဆောင်ဗုဒ် ၊ ရိုးရှိးကျင့် မြင့်မြင့်ကြံ ၊ ယောက်င်္ကျားတို့ဇွဲ သေခါမှလျှော့ ဆိုတဲ့ ဦးတည်ချက်တွေနဲ့ ကြိုးစား ကြညပါသေးတယ်..အမောတပိုင်းနဲ့ မမြင်နိုင်တဲ့ခရီးကို ပြေးနေသလိုပဲ ခံစားမိတယ်…အခွင့်အရေးကို မြင်နိုင်တဲ့သူ အကွက်ကျကျ တွေးတတ်တဲ့သူ..အကပ်ကောင်းတဲ့ သူတွေပဲ..ရှေ့ရောက်သွားသလို ခံစားမိလပါ..ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် မိမိအသွေးအသားထဲမှာ ရှိနေတဲ့ ရိုးသားခြင်း၊ ဖြောင့်မတ်ခြင်း ၊ ဖြူစင်ခြင်းတွေကိုတော့ အမြဲရှင်သန်အောင်တော့ ထားရမှာပဲ..ဒီဘဝမှာ အကျိုးမခံစားရင်တောင်မှ.နောင်ဘဝအတွက် ကောင်းမှုကုသိုလ် တခုရနိုင်အောင်လို့ပါ….
လူတွေဟာခေတ်ဆန်တာကို အရမ်းသဘောကျလာတဲ့အတွက်..ခေတ်ဆန်တာနဲ့ တန်ဖိုးကို ရောနှောနေကြ ပြန်ရော..အင်တာနက်ခေတ်..facebookတွေ ၊ ibod တွေ ၊ Cell Phone တွေ Technoloy ပိုင်းမှာ အရမ်းကို တိုးတက်လာလို့  ဆက်သွယ်ရေး..Net work ချိတ်ဆက်မှုတွေဟာ အရင်ကထက် တိုးတက်လာလို့ အရမ်းကို အားရစရာ ကောင်းတဲ့အပြင်..စိတ်ကြိုက်မိမိတို့ စီးပွားရေးလုပ်ငန်း..privacy ပိုင်းမှာလည်း ဖန်တီးနိုင်ကြပာတယ်..အချိန်မိနစ် တိုတိုလေးအတွင်းမှာ မိမိစိတ်ကြိုက် သတင်းအချက်အလက် information  မိတ်ဆွေ လုပ်ဖှောဆောင်ဖက်တွေနဲ့ ချိတ်ဆက်ပြီး လုပ်ငန်းတွေ ကြှောငြာတွေ မီဒီယာ သတင်းတွေ အရင်ကထက် ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်လာနိုင် ကြတာ..အရမ်းကို အားကျစရာ ကောင်းပြီး တိုးတက်စရာ တခုပါပဲ..
ဒါပေမယ့် ကျွန်မ ခံစားမိပါတယ်..ဝမ်းနည်းစရာ ကောင်းတဲ့ အရာက..ခေတ်ရှေ့ ပြေးတာနဲ့အညီ..အကျင့် habit တွေ ၊ love တန်ဖိုးထားတာတွေ၊ မိတ်ဆွေစစ်.ခင်မင်ရင်းနှီး တာတွေ ဟာ..ခေတ်နဲ့ ရောနှော သွား တတ်ပါသလား…အရင်ကဆိုရင် မိန်းကလေး တယောက်ကို ချစ်ကြိုက်ဖို့အတွက် အရမ်းကို အရိုန်ယူပြီး ပေးဆပ်ကျတဲ့ ယောင်္ကျားလေးတွေ၊  love ကိုပြန်တုန့်ပြန်ဖို့ သေချာဆန်းစစ်ပြီးမှ ချစ်တယ်လို့ တုန့်ပြန်တတ်တဲ့ မိန်းကလေးတွေ ၊ အခုများကျတော့ ချက်တင်ထိုင်ရင်း ချစ်သူရှာ ဘာဘာညာညာ သေချာမသိပဲ ချစ်တယ်လို့ ၃ ယောက်ထက် မနည်း စတွေးမျိုသလို လွယ်လိုက်ကြတာ..အချစ်ကိုဘာကြောင့်များ ပြီးစလွယ် အသုံးပြုနေကြပာလိမ့်လို့ ကျွန်မ စဉ်းစားမိရင်း..စိတ်ထိခိုက် မိပါတယ်.မိမိနိုင်ငံမှာ အခြားနိုင်ငံတွေထက် တိုးတက်အောင် မနည်း အရှိန်ယူ အားစိုက် နေရတာတောင်..တခြား နိုင်ငံတွေကို မယှဉ်သာသေးတဲ့ ကျွန်မတို့ဟာ..ခေတ်ရှေ့ ပြေးတဲ့ အရာတွေကို..မိမိတိုးတက်ဖို့..မိမိလုပ်ငန်း တွင်ကျယ်ဖို့ ..အများ အကျိုးရှိစေ ဖို့ နိုင်ငံ တိုးတက်ဖို့ အတွက် အသုံးချ သင့်ပါတယ်လို့ တွေးနေမိပာတယ်…
ကျွန်မကတော့လေ..အခုချိန်မှာ မိမိဖြစ်ချင်တဲ့ ပန်းတိုင်နဲ့ ဖြစ်နေတဲ့ ဘဝဟာ အရမ်းကို ကွာခြားနေတယ်ဆိုတာ သိပါတယ်..ဒါပေမယ့် မလျှော့သောဇွဲ..တွေနဲ့ မိမိလက်ရှိ အခြေအနေကို အကောင်းဆုံးဖြစ်အောင် ခြေကုပ်ယူရင်း မြတ်စွာဘုရား ဟောကြား သလိုပဲပေါ့..ကောင်းမှုကုသိုလ်လုပ်ရင် အဲဒီအကျိုးကို ပြန်ခံစားရတယ်ဆိုတော့..အလောဘ၊ အဒေါသ၊ အမောဟ တွေပဲဖြစ်အောင် နှလုံးသွင်း ရင်း သွားနေမယ် ဆိုရင်..ကံတရားဆိုတာ ဖြောင့်မတ်သောသူ ၊ ရိုးသားသောသူ ၊ဖြူစင်သောသူတို့ ဖက်မှာ ရှိနေမှာပါ…ရှေ့ပြေးနေတဲ့ ခေတ်ကို အမှီလိုက်ရင်း..အဲဒီ ခတ်ရှေ့ပြေးတွေဟာ..ဘဝတိုးတက်ဖို့အတွက် ပစဿစည်း ကရိယာတွေ အဖြစ်ပဲ သဘောထားရင်း…လက်ရှိ အခြေအနေကို ကြည့်ရင်း စိတ်ဓာတ် အင်အား ကျဆင်းနေတဲ့ စိတ်ကို အမြန် ကောက်တင်ရင်း..မိမိအထဲမှာ ပေါက်ဖွားနေတဲ့ ဖြူစင်ခြင်း ၊ ရိုးသားခြင်း ၊ ဖြောင့်မတ်ခြင်း နှင့် ချစ်ခြင်း တရားတွေကို အသုံးပြုရင်း…ပြန်ထပြီး..အရှေ့ကိုကြည့်ကာအားယူနေမှာပါ. အဲဒီအရာတွေ သုံးလို့ အတယ်၊ ဉာဏ်မရှိဘူး ၊ ခေတ်မမှီဘူးလို့ တော့ မထင်လိုက် ပါနဲ့..ရိုးသားဖြူစင်ခြင်းဟာ..ရိုးအပြီး အသိဉာဏ် မရှိတာ မဟုတ်ပါဘူး ..တရား ကို လက်တွေ့ဘဝ နယ်ပယ်ထဲမှာ အသုံးချတာဟာ အခု ဘဝအတွက် ရော..နောက်ဘဝ အထိပါ.ပါသွားမယ့် အရာတွေပာ…တနေ့နေ့ တချိန်ချိန်မှာ ချစ်ခြင်း စေတနာ တရားသာ အားလုံး အတွက် ခိုလှုံရာ..နားခိုရာဆိုတာ သဘောပေါက်လာကြမှာပါ.ဒါကြောင့် ခေတ်ရှေ့ပြေးတဲ့ အရာတွေကိုအသုံးပြုရင်း ချစ်ခြင်းကို ( မိတ်ဆွေကြား ၊ ချစ်သူကြား ၊ ဇနီးမောင်နှံကြား ၊လုပ်ဖော်ဆောင်ဖက်ကြား ) ကိုလည်း..အထူးတန်ဖိုး ထား လေးနက်စွာ တည်ဆောက် နိုင်ကြပါစေ…စိတ်ဓာတ် ကျဆင်းနေတဲ့ အချိန်မှာ..မိမိဘဝရှေ့ဆက်နိုင်ဖို့..ချစ်ခြင်းတရားကပဲ တွန်းပို့ပေးနိုင်တာပါ..အဲဒီချစ်ခြင်း   စေတနာ ပိုင်ရှင်ကို.ကျွန်မအရာအားလုံးထက် တန်ဖိုးထားပါတယ်….တွေ့လည်းတွေ့ချင်ပါတယ်..သူနဲ့လည်းအမြဲအတူ
နေချင်ပါတယ်..စိတ်ဓာတ်ကျ ဘဝမှာ လမ်းပျောက်တိုင်း သူလက်ကိုဆွဲပြီး ပြန်ထချင်လို့ပါ
 

Tuesday, August 31, 2010

Daily Prayer to the Living God.....

Lord !..Don't forsake me for my sin ! Be with me especially at time of my heart filled with grief & sorrow. Lord ! thank for your love & patience. Lord ! Can u see how painful i feel now for being a lady far from my beloved people..Oh ! my father ! Where have u been ? Can u see my heart ? Lord give me peace and make my heart happy and lightly ! Prepare my mind and my heart to be strong for any trials..

Lord ! May i commit my life to u . Use me before for the needy people..Lord ! i trust that u chose me differently and significantly for the needy people in Myanmar.
Lord ! You are only my hope and power . With you , i can do everything in the world. With u , i can create impossible things at the sight of people .

Lord ! whenever i live without you , most enemies from circumstances effect me badly and hardly..i can't bear for these . i have no power to over them..Lord ! With u , any enemies are under my feel coz everything is under your feet ! You are the one who understand me well and who know me closely even my love , beloved family can't catch what i face and feel in the world...

Lord ! make my brain to create many words

make my hand to write creative letters
make my heart pure , honest , righteous
make my thinking wise , intelligent and wide

make my perspective wide , adaptable and learning

make my time for closing with u and the needy people

make my tears for being with u and the needy people

make my love strong , hopeful, faithful and concrete

to read this prayer make people to get hope and strength in the world.....

Lin Thitsa Khaing Oo

Monday, August 30, 2010

Websites Burmese Translaion

Queen’s Park HoteL မှကြိုဆိုပါတယ်…
Queen’sParkHotelသည် တမူ ထူးခြားသော ဟိုတယ် တခုဖြစ်ပြီး၊ ရန်ကုန်မြို့၏ အချက်အချာ ကျသော အလယ်ဗဟိုတွင် တည်ရှိပါသည်။ ဟိုတယ်ရှိ အခန်းများသည် ခေတ်မှီသော အပြင်အဆင်များနှင့် မွမ်းမံထားပြီး၊ အခန်း အသုံးအဆောင်များ ကိုလည်း အပြည့်အဝ စီမံပေးထားပါသည်။ သင့်တော်သော ဈေးနှုန်းများနှင့် အကောင်းဆုံး ဝန်ဆောင်မှုများကို ပေးနေသည့်အပြင် လမ်းပန်း ဆက်သွယ်ရေးလည်း လွယ်ကူ ချောမွှေ့ စေပါသည်။ မိနစ်၄၀မျှသာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကြာမြင့်မည်ဖြစ်ပါသည်။ ကမ္ဘာ့အဆင့်မှီ အတွေ့အကြုံရှိ စာဖိုမှုးများ၏ ချက်ပြုတ်ပေးမှုများ ကြောင့်အရသာရှိသော အစားအစာအမျိုးမျိုးကို မိမိတို့စိတ်တိုင်းကျ မှာယူစားသောက်နိုင်ပါသည်။ ဧည့်သည်များ စီးပွားရေးလုပ်ငန်းများနှင့် သီးသန့်ဆွေးနွေးတိုင်ပင်ခြင်း များပြုလုပ်နိုင်ရန်၂၄နာရီလုံးလုံး အင်တာနက် သုံးစွဲနိုင်သည့်အပြင်၊ သီးသန့် ဧည့်ခန်းများကိုလည်း ပြင်ဆင်ပေးထားပါသည်။ ဟိုတယ်ဝန်းကျင်တွင် ရွှေတီဂုံစေတီတော်၊ စားတော်ဆက်များ၊ ဆေးရုံဆေးခန်းများ၊ ရုပ်ရှင်ရုံများ၊ အပန်းဖြေပန်းခြံများနှင့် စတိုးဆိုင်များကိုလည်း တွေ့ရှိနိုင်မည်ဖြစ်သည်။ ဟိုတယ်ဝန်းကျင်ရှိ စိမ်းလန်းသော သစ်ပင်ပန်းပင်များ၊ နေရောင်ခြည်အနွေးဓါတ်နှင့် အလင်းရောင်များကို အပြည့်အဝခံစားနိုင်သည့် အပြင် လူနေမှု အဆင့်အတန်း မြင့်မားသော ပါတ်ဝန်းကျင်တွင် တည်ရှိသောကြောင့် ဧည့်သည်များ စိတ်ပျော်ရွှင်ချမ်းမြေ့စွာ တည်းခိုနားနေနိုင်ရန် အကောင်းဆုံးသော ဟိုတယ်တခုလည်းဖြစ်ပါသည်။

ဟိုတယ်အိပ်ခန်းများ
အခန်းအသုံးအဆာင် အပြည့်အဝရှိသည့်အပြင်၊ ၂၄နာရီလေးအေးစက်များကို Queen’s Park Hotel ရှိအိပ်ခန်း အားလုံးတို့တွင် တပ်ဆင်ထားပြီး၊ ခေတ်မှီသော အပြင်အဆင်များနှင့် အကောင်းဆုံး ဝန်ဆောင်မှုများ ပေးလျှက် လူကြီးမင်းတို့အား ကြိုဆိုနေပါတယ်..ဧည့်သည်များအားလုံး စိတ်တိုင်းကျ မိမိအိမ်လိုနားခိုနိုင်တဲ့ Queen’s Park Hotel ပါ….
အင်တာနက် ဆိုင်
တည်းခိုသူဧည့်သည်များ ၂၄ နာရီလုံးလုံး အင်တာနက်အသုံးပြုနိုင်ရန် စီမံပေးထားပါသည်၊ လျှင်မြန်သော ဆက်သွယ်မှုကိုရရှိနိုင်ပြီး၊ မိမိတို့စီးပွားရေးလုပ်ငန်းကိစ္စများနှင့် လိုအပ်ချက်များကို အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ပါသည်၊
ဧည့်ကြိုဝန်ထမ်းများ
ဟိုတယ်ဝန်ထမ်းများအားလုံးသည် ဖော်ရွှေသောအပြုံးနှင့် နွေးထွေးစွာကြိုဆိုပြီး. .ဧည့်သည်များ၏ လိုအပ်ချက်များကို တာဝန်ကျေကျ ဖြည့်ဆည်းပေးနေလျှက်ရှိပါတယ် ဝန်ထမ်းများအားလုံး ဆက်ဆံရေးအထူး ကောင်းမွန်သည့်အပြင် ပြည်တွင်းဧည့်သည်များသာမက ပြည်ပဧည့်သည်များပါ အခက်အခဲမရှိစေရန် တရုတ်ဘာသာ၊ အင်္ဂ္လိပ်ဘာသာ စကားများကိုလည်း အသုံးပြုနိုင်သော ဝန်ထမ်းများဖြစ်ကြပါသည်။
အစားအစာ နှင့်အရသာ
Queen’s Park Hotel မှ ဧည့်သည်များအားလုံးအတွက် နံနက်စာကိုအခမဲ့ ပြင်ဆင်ပေးနေလျှက်ရှိပြီး၊ အစားအစာများအားလုံးကို မိမိတို့စိတ်တိုင်းကျ မှာယူစားသောက်နိုင်ပါသည်။ နိုင်ငံတကာအဆင့်မှီအတွေ့အကြုံရှိ စာဖိုမှုးများကိုယ်တိုင် ချက်ပြုတ်ထားသော အစားအစာများဖြစ်လို့ အရသာရှိရှိသုံးဆောင်နိုင်မည့်အပြင်.တရုတ်အစားအစာ၊ စင်္က࿿ာပူအစားအစာ၊ ဉရောပအစားအစာများနှင့် မြန်မာအစားအစာများကို စိတ်တိုင်းကျမှာယူနိုင်ပါတယ်..
ဟိုတယ်၏အားသာချက်
Queen’s Park Hotel သည်ရန်ကုန်မြို့၏ အချက်အချာကျသော အလည်ဗဟိုတွင် တည်ရှိသောကြောင့် ဧည့်သည်များအနေနှင့် ကျေနပ်မှုရှိစေပြီး၊ လမ်းပန်းဆက်သွယ်ရေးလည်း လွယ်ကူစေသည့်အပြင်၊ ရန်ကုန်မြို့၏အလုနှင့် ဈေးဝယ်ထွက်ခြင်းများကိုလည်း ပြုလုပ်နိုင်မည်ဖြစ်သည်။ Queen’s Park Hotel သည် ဆိတ်ငြိမ်ပြီး အဆင့်အတန်းမြင့်သော လူနေမှုဝန်းကျင်တွင် တည်ရှိသောကြောင့် ပြည်တွင်း၊ ပြည်ပဧည့်သည်များကို လုံခြုံမှုနှင့် စိတ်ချမ်းသာမှုကိုပေးစွမ်းနိုင်သော ဧည့်ရိပ်သာတခုဖြစ်ပါတယ်…

Queen’s Park Hotel အကြောင်း…
Queen’s Park Hotelသည် စီးပွားရေးအချက်အချာကျသော ရန်ကုန်မြို့အလယ်တွင် တည်ရှိပြီး၊ အကောင်းဆုံးဝန်ဆောင်မှုများကို ပေးစွမ်းနိုင်သော ဟိုတယ်တခုဖြစ်ပါသည်။ ဟိုတယ်သည် ရန်ကုန်မြို့၏ချမ်းသာကြွယ်ဝသော ပတ်ဝန်းကျင်တွင် တည်ရှိသောကြောင့် ရန်ကုန်မြို့၏အလုနှင့် သဘာဝရူခင်းများကို သင်၏အခန်းမှ အပြည့်အဝခံစားစေနိုင်မည်ဖြစ်သည်။ တိတ်ဆိတ်ငြိမ်သက်သော ပတ်ဝန်းကျင်နှင့် စိမ်းလန်းစိုပြေသော သစ်ပင်ပန်းမာန်များကြောင့် ဧည်သည်များငြိမ်းချမ်းစွာ အနားယူနိုင်မည်ဖြစ်သည်။ နိုင်ငံခြားသားဧည်သည်များအတွက် စိတ်ဝင်စားစရာကောင်းသောနေရာများ - ဉပမာ- ရွှေတိဂုံစေတီတော်၊ ဗိုလ်ချုပ်ဈေး၊ တိရိစ္ဆာန်ဉယျာဉ် နှင့် ကန်တော်ကြီးပန်းခြံများကို ဟိုတယ်၏ ဝန်းကျင်တွင် တွေ့မြင်နိုင်မည်ဖြစ်သည်။ မြို့၏အချက်အချာကျသောနေရာတွင် တည်ရှိခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွှေ့စေနိုင်သည့်အပြင်၊ စီးပွားရေးလုပ်ငန်းရှင်များအတွက် စီးပွားရေး လုပ်ငန်းများကို ထိထိရောက်ရောက် အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ခရီးသွား ဧည်သည်များ၊ ပြည်တွင်းပြည်ပဧည်သည်များအတွက် Queen’s Park Hotel သည် အသင့်တော်ဆုံးနှင့် အဆင်ပြေဆုံး ဟိုတယ်တခုဖြစ်ကြောင်း မိတ်ဆွေများအား သတင်းကောင်းပါးလိုက်ပါသည်။
တည်နေရာ…
Queen’s Park Hotel သည် ရန်ကုန်မြို့၏ ဗိုလ်မြတ်ထွန်းလမ်းနှင့် အနော်ရထာလမ်းဒေါင့်တွင်တည်ရှိပြီး ၊ တိတ်ဆိတ်ငြိမ်သက် အဆင့်အတန်းမြင့်သောပတ်ဝန်းကျင်၊ ရှင်းလင်းသောလမ်း၊ စိမ်းလန်းစိုပြေသော သစ်ပင်ပန်းမာန်များ ဝန်းရံထားပါသည်။ ဟိုတယ်အနီးအနားရှိ ဘူတာရုံများ၊ သင်္ဘ࿿ောဆိပ်များ၊ ကားမျာပြေးဆွဲနေခြင်းဖြင့် လမ်းပန်းဆက်သွယ်ရေးလွယ်ကူစေပါသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မိနစ် ၄၀မျှသာကြာပြီး ဟိုတယ်ကိုရောက်ရှိနိုင်ပါသည်။
ဟိုတယ်အခန်းအနေအထား.

ကျွန်တော်တို့ဟိုတယ်မှ ဧည့်သည်များအဆင်ပြေနားနေနိုင်ရန် အတွက်သက်တောင့်သက်သာရှိသော အိပ်ယာ၊ ကျယ်ဝန်းသောအခန်း၊ ရေပူ ၊ရေအေး အသုံးပြုနိုင်သောရေချိုးခန်းနှင့်ရေပန်း ၊ ၂၄ နာရီ လေအေးပေးစက်နှင့် အခန်းပစ္စည်း အသုံးအဆာင်များကို မိမိအိမ်ကဲ့သို့ခံစားနိုင်ရန် အထူးစီမံ ပေးထားပါသည်။ ဧည်သည်များ လတ်ဆတ်သောလေများရူရှိုက်နိုင်ခြင်း၊ နေရောင်ခြည်ဓါတ်၊ အာရုဏ်ဉီးအလု၊ ကျေးငှက်များ၏ တေးကျူးသံ၊ နေဝင်ဆည်းဆာ ၊ တိတ်ဆိတ်ငြိမ်သက်သော ည၏အလုများကို ခံစားနိုင်စေရန် အခန်းအနေအထားများကို တမူထူးခြားစွာ မွမ်းမံပြင်ဆင်ထားပါသည်။

အခန်းမှာယူခြင်း
အိပ်ခန်းများအားလုံးကို အနောက်တိုင်းပုံစံဖြင့် ပြင်ဆင်ပေးထားပြီး၊ အိပ်ခန်းအားလုံး၌ သက်တောင့်သက်သာဖြစ်စေနိုင်သော အိပ်ယာ၊ ကျယ်ဝန်းသောအခန်း၊ စုံလင်သောပစ္စည်းများ၊ ရေပူ-ရေအေးအသုံးပြုနိုင်သော ရေချိုးခန်းနှင့်အိမ်သာ တို့ပါရှိပါသည်။

အိပ်ခန်းများ ကြိုတင်မှာ ယူသည့်အခါ အွန်လိုင်းကိုအသုံးပြုပြီး မိမိတို့တည်းခိုမည့်ရက် .ကြိုက်နှစ်သက်သည့် အခန်းများကို မှာယူနိုင်ပါသည်။ အွန်လိုင်းဖြင့်ဟိုတယ်ဘိုကင် ပြုလုပ်ခြင်းသည် အချိန်တိုတိုအတွင်းတွင် သင့်၏လိုအပ်ချက်များကို ထိရောက်လျှင်မြန်စွာ ဖြည့်ဆည်းပေးနိုင်ပါသည်။ အောက်ပါလျှောက်လွှာပုံစံတွင် မိမိစိတ်တိုင်းကျ မှာယူချင်သောအခန်း၊ အချိန် နှင့်ဈေးနှုန်းများကို ရွှေးချယ်ပြီး အမြန်ဆုံး ဆက်သွယ်နိုင်ပါသည်။
ညစာမိတ်ဆုံစားပွဲ
သင်၏စားသောက်ချိန်တွင် အလင်းရောင်ကောင်းမွန်စွာရပြီး၊ လေကောင်းလေသန့်ကို အပြည့်အဝခံစားနိုင်စေရန်အတွက် ကျယ်ဝန်းသော စားသောက်ခန်းမမှ သင်ကိုနွေးထွေးစွာကြိုဆိုနေမှာပါ။ သင်စိတ်ကျေနပ်မှုရမှာအမှန်ပါ။ Hotel မှ ဧည့်သည်များအားလုံးအတွက် နံနက်စာကို အခမဲ့ပြင်ဆင်ပေးမည့်အပြင် ဝါရင့်အတွေ့အကြုံရှိ စာဖိုမှူးများကိုယ်တိုင် ချက်ပြုတ်စီမံပေးသော တရုတ်အစားအစာ၊ ဉရောပအစားအစာ၊ စင်္က࿿ာပူအစားအစာ နှင့် မြန်မာအစားအစာ အမျိုးမျိုးကိုလည်း နေ့လည်စာနှင့်ညနေစာများအတွက် မိမိတို့စိတ်တိုင်းကျလိုသလို မှာယူစားသောက်နိုင်ပါသည်။

ကြော်ဌာကဏ္ဍ
ကြော်ဌာအမျိုးမျိုးကို ဤကဏ္ဍဍတွင် ဖော်ပြလိုက်ပါတယ်။ ဟိုတယ် ၊ ကော်ဖီဆိုင်၊ စားသောက်ဆိုင်၊ စီးပွားရေးလုပ်ငန်းများ၊ အလှပြင်ဆိုင်၊ စူပါမားကတ်နှင့် ကိုယ်ပိုင်ဝက်ပ်ဆိုက်များကို ယနေ့စီးပွားရေးဈေးကွက်တွင် ပိုမိုလူသိများလာစေရန် Queen’s Park Hotel မှသင်၏လုပ်ငန်းများအတွက် ကြော်ဌာကဏ္ဍဍကိုလည်း ထည့်သွင်းပေးထားပါသည်။ သင်၏လုပ်ငန်းအတွက် ကြော်ဌာလိုပါက Queen’s Park Hotel မှကြိုဆိုပါတယ်။

info@qpyangon.com

www.qpyangon.com

Websites Burmese Translation

Tun New Technology မှကြိုဆိုပါ၏…
Tun New Technology သည် စီးပွားရေးဆိုင်ရာ ပြသနာများကို ကူညီဖြေရှင်း ပေးနေသော ကုမဏီတခုဖြစ်ပြီး ယနေ့ စီးပွားရေးလောကတွင် မိမိတို့လုပ်ငန်းများကို လူများပိုမိုသိရှိစေရန် အင်တာနက်နည်းပညာဖြင့် ကြော်ငြာခြင်းသည် မရှိမဖြစ်လိုအပ်သည် ဆိုသောအချက်ကို ကျွန်တော်တို့ကုမဏီသည် နားလည်သဘောပေါက် ထားပါသည်။ ကျွန်တော်တို့ ကုမဏီက အင်တာနက် ဝက်ပ်ဆိုက်နှင့် ပက်သက်ပြီး အကောင်းဆုံး ဝန်ဆောင်မှုများ ပေးနေလျှက်ရှိပါသည် ။ ဉပမာအားဖြင့်..လက်ရှိကျွန်တော်တို့ ကုမဏီ၏ ဝန်ဆောင်မှုများမှာ - ဝက်ပ်ဆိုက်များကို တီထွင်ဖန်တီးပေးခြင်း ၊ ITနှင့် ပါတ်သက်သောအရာများကို လုပ်ဆောင်ပေးခြင်းနှင့် ဆွေးနွေးတိုင်ပင် အကြံပြုခြင်း များကိုပြုလုပ်ပေး နေလျှက်ရှိပါသည် ။ ကျွန်တော်တို့ကုမဏီသည် နိုင်ငံတကာအဆင့်မှီ အတွေ့အကြုံရှိ ပညာရှင်များနှင့်အတူ ဖွဲ့စည်းထားသောကြောင့် လူကြီးမင်းတို့ လုပ်ငန်းများအတွက် ဝက်ပ်ဆိုက်များကို အကောင်းဆုံးတီတွင် ဖန်တီးပေးနိုင်ပါသည်။ ထို့ကြောင့် လူကြီးမင်းတို့ အကူအညီ လိုအပ်ပါက..အမြန်ဆုံးဆက်သွယ် အကြောင်းကြားနိုင်ပါသည် ။
Tun New Techonology သည် ဝက်ပ်ဆိုက်များကို ဒီဇိုင်းအမျိုးမျိုးဖြင့် ပြုလုပ်နိုင်အောင် အကောင်းဆုံး ဝန်ဆောင်မှုများ ကိုပေးပြီး အွန်လိုင်းဖြင့် လုပ်ငန်းများဈေးကွက်တွင် ပိုမိုလူသိများအောင်လည်း ကူညီဆောင်ရွက် ပေးနေပါသည်။ ကျွန်တော်တို့ကုမဏီသည် မည်သည့်စီးပွားရေး လုပ်ငန်းများကိုမဆို ဝက်ပ်ဆိုက်များကို ပြုလုပ်ပေးပြီး Network နှင့် ဒီဇိုင်းကျွမ်းကျင်သော ပညာရှင်များက ဉီးဆောင်ပြီး၊ အကောင်းဆုံး ဝန်ဆောင်မှုပေးကာ လူကြီးမင်းများ စိတ်တိုင်းကျ အကောင်းဆုံး ကူညီဆောင်ရွက်ပေး နေလျှက်ရှိပါသည်။
ယနေ့ စီးပွားရေးနယ်ပါယ်တွင် ကွန်ယက်လုပ်ငန်းသည် လူကြီးမင်းတို့၏စီးပွားရေး လုပ်ငန်းများပူပေါင်း ဆောင်ရွက်နိုင်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို အဓိကပံပိုးပေးသော လုပ်ငန်းတခုဖြစ်ပါသည်။ ထို့ကြောင့် ကွန်ယက်လုပ်ငန်းသည် “ စူပါဂလူး” ကဲ့သို့ လူကြီးမင်း၏ အဖွဲ့အစည်းများနှင့် ထပ်ကြပ်မကွာရှိနေရမည့် လုပ်ငန်းတခုဖြစ်သည်။

About Tun New Technology
ကျွန်ပ်တို့ကုမဏီ၏ ပန်းတိုင်
စီးပွားရေး လုပ်ငန်းနှင့် ပက်သက်ပြီး လိုအပ်ချက်များကို ကျွန်ပ်တို့ကုမဏီမှ ITပညာဖြင့် ကူညီဖြေရှင်းပေးရန်..
Tun New Technology သည် စီးပွားရေးဆိုင်ရာ ပြသနာများကို ကူညီဖြေရှင်း ပေးနေသော ကုမဏီတခုဖြစ်ပြီး ယနေ့ စီးပွားရေးလောကတွင် မိမိတို့လုပ်ငန်းများကို လူများပိုမိုသိရှိစေရန် အင်တာနက် နည်းပညာဖြင့် ကြော်ငြာခြင်းသည် မရှိမဖြစ်လိုအပ်သည် ဆိုသောအချက်ကို ကျွန်တော်တို့ကုမဏီသည် နားလည်သဘော ပေါက်ထားပါသည်။ လူကြီးမင်းတို့ လုပ်ငန်းအတွက်..ဝက်ပ်ဆိုက်အသစ် ပြုလုပ်လိုလျင်ဖြစ်စေ၊ လက်ရှိ ပြုလုပ်ပြီးသား ဝက်ပ်ဆိုက်ကို ပြန်လည်ပြုပြင်မွမ်းမံလိုသည်ဖြစ်စေ၊ လုပ်ငန်းနှင့်ပက်သက်ပြီး ဆော့ပ်ဝဲအသစ် တပ်ဆင်လိုသည်ဖြစ်စေ ၊ ဆွေးနွေးတိုင်ပင်ချင်သည်ဖြစ်စေ ကျွန်တော်တို့ကုမဏီမှ အကောင်းဆုံး ဝန်ဆောင်မှုများပေးကာ ကူညီဆောင်ရွက်ပေးနေ လျှက်ရှိပါသည်။ ကျွန်ပ်တို့ကုမဏီသည် မိမိ customers များ
နှင့် ရေရှည်ဆက်ဆံရေးကို အထူးဉီးစားပေးပြီး customers များစိတ်တိုင်းကျ ဝန်ဆောင်မှုများကို အဓိကထား ဆောင်ရွက်ပေးနေပါသည်။ IT နည်းပညာပိုင်း၌လည်း တီထွင်မှုများစွာဖြင့် အရည်အသွေးရှိစွာ ဝက်ပ်ဆိုက်များကို ပြုလုပ်ပေးနေပါသည် ။
ကျွန်တော်တို့ကုမဏီ၏ဉီးတည်ချက်များ
၁. လုပ်ငန်းပြီးသည်အထိ ဝန်ဆောင်မှုအပြည့်နှင့် ဆောင်ရွက်ပေးပြီး၊ အွန်လိုင်းစီးပွားရေး ဆိုင်ရာများကို
ကူညီဆောင်ရွက်ပေးခြင်း ။
၂ . Customers များအတွက် ယုံကြည်စိတ်ချမှုပေးခြင်း ။
၃. အကောင်းဆုံး နည်းပညာများနှင့် တီထွင်ဖန်တီးမှုများဖြင့် ပြုလုပ်ပေးခြင်း ။

Tnt ၌ အလုပ်အကိုင်အခွင့်အလမ်းများ
Tnt ရှိခေါင်းဆောင်များသည် စိတ်သဘောထားပြည့်ဝပြီး ဝန်ထမ်းများအားလုံးကို အတွေ့အကြုံရှိ အရည်အသွေး ပြည့်ဝသော ခေါင်းဆောင်များ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးနေလျှက်ရှိပါသည် ။
လုပ်ငန်းကို အမှန်တကယ် စိတ်ဝင်စားပြီး ၊ အစဉ်အပြတ် ကြိုးစားအားထုတ်ကာ ၊ မိမိ Customersများကို အပြည့်အဝ ဝန်ဆောင်မှု ပေးနိုင်သော ဝန်ထမ်းများကို ဖိတ်ခေါ်နေလျှက်ရှိပါသည် ။
ကို့ကြောင့် ..အထက်ပါအချက်များကို စိတ်ဝင်စားလျှင်ဖြစ်စေ ၊ tnt ရှိ လုပ်ဖော်ဆောင်ဖက်များနှင့် ပူးပေါင်း လုပ်ဆောင်လိုသည်ဖြစ်စေ.. မိမိတို့ကိုက်ညီမည့် နေရာကို လာရောက် လျှောက်ထားနိုင်ပါသည် ။
Tntကုမဏီသည် အလုပ်သမားများကို တန်းတူ အခွင့်အရေးပေးပြီး ထိုက်တန်သော လစာကိုလည်း ပေးထားပါသည်။ လုပ်ငန်းများ အောင်မြင်မှု ပေါ်မူတည်ပြီး အကျိုးရလဒ်များကို ခွဲဝေပေးခြင်း ၊ သင်တန်းပို့ချခြင်းများ ပြုလုပ်ပေးသွားမှာ ဖြစ်ပါသည် ။ သည့်အပြင် အရည်အချင်းရှိသော လျှောက်ထားသူ အားလုံးကို ကိုက်ညီသော နေရာတွင် အလုပ်ရရှိရေးကိုလည်း အထူးစဉ်းစား ဆောင်ရွက်ပေးပါသည်။
မှတ်ချက် ..မည်သည့်ရာထူးကို မဆိုလျှောက်သည့်အခါ cover letter တစောင်နှင့် ကိုယ်ရေးရာဇဝင်အကျဉ်းချူပ် ကို Microsoft Word ( or ) PDF ဖြင့်ရိုက်ပြီး မိမိတို့ စာရွက်စာတမ်းများကို သတ်မှတ်ထားသော ရက်မတိုင်မီ career@tunnewtech.com email သို့ ပို့ပေးနိုင်ပါသည်။ သင်၏ cover letter ( or ) CV Form တွင် လက်ရှိ
လစာ ၊ မျှော်မှန်းလစာ နှင့် သင်လျှောက်လိုသော ရာထူးကို ထည့်သွင်း ဖော်ပြပေးပါ..

ဝန်ဆောင်မှုများ
ဝက်ပ်ဆိုက်ဒီဇိုင်းနှင့် ဝက်ပ်ဆိုက်တီထွင်ဖန်တီးမှု
Tntသည် ဝက်ပ်ဆိုက်လုပ်ခြင်းနှင့် ပက်သက်ပြီး ဒီဇိုင်းမျိုးစုံကို ဖန်တီးပေးနေသည်သာမက ၊ အွန်လိုင်းဖြင့် မိမိတို့လုပ်ငန်းများ ဈေးကွက်၌ လူသိပိုမိုများပြားစေရန် ဝန်ဆောင်မှုအပြည့်ပေးနေသာ ကုမဏီတခုဖြစ်ပါသည် ။ Tnt သည်မည်သည့် လုပ်ငန်းကိုမဆို ဝက်ပ်ဆိုက်များ တီထွင်ဖန်တီပေးနေပါသည် ။ ဉပမာ - စက်မှုလုပ်ငန်း ၊ လက်လီရောင်းချခြင်းလုပ်ငန်း ၊ အကျိုးဆောင်လုပ်ငန်းများ ၊ အိမ်ယာ ခြံမြေလုပ်ငန်းများ ၊ ဘဏ်လုပ်ငန်းများ နှင့် ဆေးလုပ်ငန်းများ…
Network ချိတ်ဆက်မှု
ယနေ့စီးပွားရေးနယ်ပါယ်တွင် ကွန်ယက်လုပ်ငန်းသည် လူကြီးမင်းတို့၏စီးပွားရေး လုပ်ငန်းများပူပေါင်း ဆောင်ရွက်နိုင်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို အဓိကပံပိုးပေးသော လုပ်ငန်းတခုဖြစ်ပါသည်။ ထို့ကြောင့် ကွန်ယက်လုပ်ငန်းသည် “ စူပါဂလူး” ကဲ့သို့ လူကြီးမင်း၏ အဖွဲ့အစည်းများနှင့် ထပ်ကြပ်မကွာရှိနေရမည့် လုပ်ငန်းတခုဖြစ်သည်။
Network ချိတ်ဆက်မှုသည် စီးပွားရေးလုပ်ငန်းတွင် မရှိမဖြစ် လိုအပ်ပြီး ယုံကြည်စိတ်ချမှုလည်း ရှိရမည်ဖြစ်သည် ။
Tnt မှ သင်၏စီးပွားရေး လုပ်ငန်း ပိုမိုတွင်ကျယ်စွာ လုပ်ဆောင်နိုင်ရန်အတွက် Network ချိတ်ဆက်မှု နှင့် ပက်သက်ပြီး အကောင်းဆုံး ဝန်ဆောင်မှုများကိုလည်း ပေးနေလျှက်ရှိပါသည် ။
အွန်လိုင်းဆိုင်ရာဆွေးနွေးတိုင်ပင်မှု
လူကြီမင်းတို့လုပ်ငန်း ပိုမိုတိုးတက်ဖို့အတွက် Tnt မှ နည်းပညာများကိုအသုံးပြုကာ ဝန်ဆောင်မှုပေးနေပါသည် ။
အွန်လိုင်းနှင့်ပက်သက်ပြီး ဆွေးနွေး တိုင်ပင်မှုများကိုလည်း ပြုလုပ်ပေး နေလျှက်ရှိပါသည် ။

အခြားသိကောင်းစရာများ…
အိမ်နှင့်ရုံး…
အိမ်နှင့်ရုံးများတွင် အင်တာနက်ကို လိုအပ်သလိုအသုံးပြုနိင်ပါသည် ။
စီးပွားရေးလုပ်ငန်းရှင်များအတွက် …
.Kaspersky Lab မှ စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေရှင်းပေးနေပါသည်။


ပစ္စည်းရောင်း၊ဝယ် ၊ အသစ်ပြုလုပ်လိုသူများအတွက် …
.ကုန်ပစ္စည်းများ ဝယ်ယူခြင်း သို့ အသစ်ပြုလုပ်လိုသူများအတွက် အွန်လိုင်းတွင်ရှာဖွေပြီး ဈေးဆိုင်များကို လွယ်ကူ
ချောမွေ့စွာ မှာယူနိုင်ပါသည် ။

၂၀၁၀ မှာ KIS ရဲ့တီထွင်မှုတွေကို လေ့လာကြည့်ပါ..
၂၀၁၀ KISက သင်ရဲ့လုပ်ငန်းကို ဘယ်လိုအကျိုးကျေးဇူးတွေပ ပေးနေသလဲဆိုတာ သိနိုင်ရန်အတွက်
၎ မိနစ်ပဲကြာမယ့် ဗီဒီယိုကိုကြည့်လိုက်ပါ….
၂၀၁၀ တွင် တီထွင်ထားသည့် KIS နှင့် Kespersky Anti Virus သည် ယနေ့လုပ်ငန်းများ၌ လူများပိုမို၍ အသုံးပြုလာကြပါသည် ။ ထိုအရာကို အသုံးပြုရန်အတွက် လိုင်စင်တခုရှိရန် လိုအပ်ပြီး အဆင်ပြေမည့် ဘာသာကို အသုံးပြုကာ download ဆွဲနိုင်ပါသည် ။

Kaspersky Kryptostorage ၏ အကျိုးကျေးဇူးများ
K.K သည် သင်၏သတင်းအချက်အလက်များကို သင်မှအပ မည်သူတဉီးတစုံတယောက်မှ မသိစေရန် သိမ်းဆည်းလို့ရသည့် နည်းပညာတခုဖြစ်သည် ။ မိမိ၏အရေးကြီးသော အချက်အလက်များကို သိမ်းဆည်းနိုင်ပြီး ၊
အခြားသူများ မသိစေလိုသော disk အစိတ်အပိုင်းများ ၊ ဖိုင်တွဲမျာ ကို အလွယ်တကူ သယ်ယူနိုင်သည့်အပြင် မိမိလိုသလို သတင်း အချက်အလက်များကိုလည်း ဖျောက်ဖျက်ပြစ်နိုင်ပါသည်။


Toyo Battery မှလိုက်လှဲစွာကြိုဆိုပါတယ်….
Proven Technology Industry Co.L.D သည် မြန်မာနိုင်ငံရှိ ရန်ကုန်မြို့တွင် ကိုယ်ပိုင်ကုမဏီ အဖြစ် ရပ်တည်သော ကုမဏီတခုဖြစ်ပါသည်။ ၁၉၉၆ခုနှစ်တွင် မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့အစည်းနှင့် ပူးပေါင်းပြီး အက်ဆစ်ကားဘက်ထရီ၊ စက်မှုလုပ်ငန်းနှင့် ဆိုင်သော ဘက်ထရီများနှင့် အခြားသီးသန့် ဘက်ထရီများကို မြန်မာနိုင်ငံတွင် ထုတ်လုပ်ဖြန့်ဖြူးခဲ့ပါသည်။ ၂၀ဝ၁ တွင် PTIC သည် ဂျပန်နိုင်ငံရှိ Yokohama တွင်ကျင်းပသော Total Quality Management Training တွင်ပါဝင် ခဲ့ခြင်းဖြင့် နိုင်ငံ၏အဖွဲ့အစည်းများ ကြားတွင် မြန်မာနိုင်ငံ၏ တခုတည်းသော နာမည်ရ ကုန်ပစ္စည်းနှစ်မျိုးကို အရည်အသွေးပြည့်မှီစွာ ထုတ်လုပ်နိုင်သည့် ကုမဏီတခုအဖြစ် ရွှေးချယ်ခြင်း ခံခဲ့ရပါသည်။ ထိုကြောင့် PTIC သည် TQM ကိုအသုံးပြုပြီး ထုတ်ကုန်နှစ်မျိုးစလုံးကိုပိုမို၍ တိုးတက်အရည်အသွေး ပြည့်မှီအောင် ကြိုးပမ်းခဲ့ကြပါသည်။
PTICကုမဏီသည် ပစ္စည်းများကို ပိုမိုပြီး အရည်အသွေး ပြည့်မှီအောင် ထုတ်လုပ်လာပြီး ဖောက်သည်များ စိတ်တိုင်းကျ အကောင်းဆုံး ဝန်ဆောင်မှုများကို ပေးကာ ၂၀ဝ၅ခုနှစ်တွင် နိုင်ငံတကာ အဆင့်မှီကုမဏီတခု ဖြစ်လာခဲ့သည်။ PTIC ကုမဏီသည် မြန်မာနိုင်ငံ၏SGS အောက်တွင် အရည်အသွေးပြည့်မှီစွာ ရပ်တည်လာခဲ့ပြီး ၊ စက်တင်ဘာလ ၊ ၂၀ဝ၆ခုနှစ်၌ UKASအောက်တွင် ISO9001:2000တခုအနေဖြင့် အရည် အသွေးပြည့်မှီသော ကုမဏီအဖြစ် ဂုဏ်ပြုတံဆိပ်ကိုလည်း ရရှိခဲ့ပါသည်။ နိဂုံ:ချူပ်အနေဖြင့်ပြောရမယ်ဆိုရင်..PTICကုမဏီသည် ဖောက်သည်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ဖောက်သည်များ စိတ်တိုင်းကျ ပစ္စည်းများကို နိင်ငံတကာအဆင့်ရှိ အရည်အသွေးပြည့်မှီစွာ ထုတ်လုပ်ပြီး အကောင်းဆုံး ဝန်ဆောင်မှုများ ပေးကာ ယနေ့ထိတိုင် ဖြန့်ဖြူး ရောင်းချပေးနေလျှက်ရှိပါသည်။

အာမခံခြင်း
ကျွန်တော်တို့ကုမဏီမှ ကိုယ်ပိုင်ကားများအတွက် ဘက်ထရီများကို ၁နှစ်အာမခံပေးပြီး၊ ခရီးသွား စီပွားဖြစ် ကားများအတွက် ဘက်ထရီများကို ၆လအာမခံဖြစ် ထုတ်လုပ် ရောင်းချပေး နေလျှက်ရှိပါသည်။ ကျွန်တော်တို့ကုမဏီမှ ဝယ်ယူအားပေးသော ဖောက်သည်များနှင့် ကျွန်တော်တို့ကုမဏီ၏ စမ်းသပ်စစ်ဆေးသော အတွေ့အကြုံအရ၊ သတ်မှတ်ထားသော အာမခံကာလအတွင်း ပစ္စည်းများကို ထိခိုက်ပျက်စီး ယိုယွင်းမှု လုံးဝမရှိကြောင်း အာမခံ ပေးထားပါသည်။

စက်ပစ္စည်းနှင့်ပက်သက်ပြီးအထူးဝန်ဆောင်မှုများ
ကျွန်တော်တို့ကုမဏီ၏ အဓိကအာရုံစိုက်သော အရာမှာ ကျွန်တော်တို့ ထုတ်လုပ်ထားသော ပစ္စည်းများကို ဝယ်ယူသွားသောသူတိုင်း ကြာရှည်ခံ သုံးစွဲနိုင်ရေးကို အထူး အာရုံစိုက် ထားပါသည်။ ကျွန်တော်တို့ကုမဏီရှိ ဝန်ဆောင်မှုအဖွဲ့ဝင်များ အားလုံးတို့သည် ဘက်ထရီထုတ်လုပ်ရေး လုပ်ငန်းတွင် အနည်းဆုံး၃နှစ် လုပ်ငန်းအတွေ့အကြုံ ရှိသည့်အပြင်၊ နည်းပညာဆိုင်ရာ၌ နိုင်ငံတကာအတွေ့အကြုံရှိ ဒါရိုက်တာ၏ ပြုစု ပျိုးထောင် ပေးထားသော ဝန်ဆောင်မှု အဖွဲ့ဝင်များ ဖြစ်ကြပါသည်။

ပစ္စည်းကြည့်ရှုစစ်ဆေးပေးခြင်း
ကျွန်တော်တို့ကုမဏီသည် အာမခံသက်တမ်း ကာလအတွင်း ဝယ်ယူသွားသော ပစ္စည်းများကို ထိရောက်စွာ အသုံးပြုနိုင်ရန် အခမဲ့စစ်ဆေးပေးခြင်းဖြင့် ဝန်ဆောင်မှု ပေးနေလျှက ရှိပါသည်။ ကျွန်တော်တို့ကုမဏီသည် ဖောက်သည်များ ပစ္စည်းများကို တာရှည်သုံးစွဲနိုင်ရေး နှင့်အရည်အသွေးပြည့်မှီသော ပစ္စည်းများ ထုတ်လုပ်ရေးကို အဓိက အာရုံစိုက်ပြီး လုပ်ဆောင်ပေးနေပါသည်။

ရောင်း/ ဝယ်ရေး
မိမိတို့ဝယ်ယူပြီးသား ဘက်ထရီအဟောင်းများကို အရည်အသွေးပြည့်မှီသော ဘက်ထရီးအသစ် ( အသေး ၊ အကြီး ) နှင့်ပြန်လှဲလှယ် ချင်သည့် အခါပြန်လည်လှဲလှယ်ပေးပြီး၊န်ြရောင်းလိုသည့်အခါတွင် လည်းပေါက်ဈေးအတိုင်း ငွေသားဖြင့် အလှဲအလည် ပြုလုပ်ပေး နေလျှက်ရှိပါသည်။

ကုမဏီ၏ပန်းတိုင်
မြန်မာနိုင်ငံတွင် ခဲသတ္တုအက်ဆစ်နှင့် စက်မှုလုပ်ငန်းဆိုင်ရာ ဘက်ထရီများ ထုတ်လုပ်ရေး၌ ခိုင်ခန့်စွာ ရပ်တည်နိုင်ရန်။
ကျွန်တော်တို့ကုမဏီသည် အရည်အသွေး ပြည့်မှီသော ပစ္စည်းများကို ထုတ်လုပ်ခြင်း၊ အကောင်းဆုံး ဝန်ဆောင်မှုများပေးခြင်း နှင့်ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်း၊ ပစ္စည်းများကို ချက်ခြင်းပို့ဆောင်ပေးခြင်း စသည့်အရာများကိုပြိုင်ဘက်မရှိ ပြုလုပ်ပေးနေလျှက်ရှိပါသည်။
ကျွန်တော်တို့ကုမဏီသည် အရည်အသွေး ပြည့်မှီသော ပစ္စည်း ထုတ်လုပ်ရေးကို အဓိကရှေးရှုပြီး ၊ ဖောက်သည်များ ယုံကြည်စိတ်ချမှု ၊ ကျေနပ်မှုရရှိစေရန် အတွက်သာ အထူးရပ်တည်ထားပါသည်။ ဖောက်သည်များနှင့် ရေရှည် ဆက်ဆံရေး ကိုလည်းအထူး ဉီးစားပေးထားပါသည်။

ဉီးတည်ချက်များ
“ဖောက်သည်များ စိတ်ကျေနပ်စေရေးနှင့် ပစ္စည်းများကို အရည်အသွေးပြည့်မှီစွာ ဆက်လက်ထုတ်လုပ်နိုင်ရေး” ….
အထက်ပါ ဉီးတည်ချက်အတိုင်း ကျွန်တော်တို့၏ဖောက်သည်များကို စိတ်ချလက်ချ သုံးစွဲနိုင်အောင် ပစ္စည်းများကို အရည်အသွေးပြည့်မှီစွာ အစဉ်ထုတ်လုပ်ပေးပြီး၊ အကောင်းဆုံးဝန်ဆောင်မှုများကိုလည်း ပေးနေလျှက်ရှိပါသည်။
ကျွန်တော်တို့ ကုမဏီသည် ပစ္စည်းဝယ်ယူအားပေးသော သူများအတွက် စက်ပစ္စည်းများကို တပ်ဆင်ပေးခြင်း၊ စက်ပစ္စည်းနှင့် ပက်သက်ပြီး ညှိနှိုင်းဆွေးနွေးပေးခြင်း၊ စစ်ဆေးပေးခြင်း၊ ပြုပြင် ထိန်းသိမ်းမှုများ ပြုလုပ်ပေးခြင်း၊ အာမခံ သက်တမ်းပေးခြင်း၊ အရောင်းဌာနတွင် အခမဲ့စက်ပစ္စည်းများကို စစ်ဆေးပေးသော ပရိုဂရမ်များ ထားရှိပေးခြင်းဖြင့် ဖောက်သည်များ၏ လိုအပ်ချက်များနှင့် အခက်အခဲများကို ထိရောက်အောင်မြင်စွာ ကူညီဖြေရှင်းဆောင်ရွက်ပေးနေလျှက်ရှိပါသည်။

ကုမဏီ၏သမိုင်းအကျဉ်းချူပ်
Proven Industry Technology Co.,Ltd ကို ၁၉၈၀ ခုနှစ်တွင် တရုတ်နိုင်ငံရှိ ဘက်ထရီထုတ်လုပ်ရေး မန်နေဂျာအဖွဲ့အားဖြင့် တည်ထောင်ခဲ့ပါသည်။ ထိုအဖွဲ့မှစတင်ပြီး ဘက်ထရီသုံးစွဲသူများအတွက် ဘက်ထရီများကို အဓိကရေရှည် ထုတ်လုပ်နိုင်သော စက်ရုံများရှိလာနိုင်အောင် ဆွေးနွေး သဘောတူညီမှုများကို ပြုလုပ်ခဲ့ပါသည်။ ကျွန်တော်တို့ကုမဏီသည် ခဲတံဆိပ်ဘက်ထရီ ( Lead Jelly Battery )၊ ကြီးမားသောလုပ်ငန်းများအတွက် အသုံးပြုနိုင်ရန် လီသီယံအိုင်ယွန်ဘက်ထရီ ( Lithium-ion Battery ) ၊ အထူးစူပါလီသီယံပေါ်လီမာဘက်ထရီ ( Super Lithium Polymer Battery ) နှင့် နေရာတိုင်းတွင် အမျိုးမျိုး အသုံးပြုနိုင်ရန် ဘက်ထရီအမျိုးမျိုးကို သုတေသနပြုလုပ်ခြင်းနှင့် ဖွံ့ဖြိုး တိုးတက်မှု ပြုလုပ်ခြင်းတို့၌ ပါဝင်ခဲ့ပါသည်။ ကျွန်တော်တို့ကုမဏီ၏ လက်ရှိထုတ်ကုန်ပစ္စည်းများမှာ နီကယ်သတ္တုဟိုက်ဒရေးရှင်းဘက်ထရီ ( Nickel Metal Hydride Battery ) နှင့် လီသီယံအိုင်ယွန်ဘက်ထရီ ( Lithium – Ion Battery )၊ လီသီယံပေါ်လီမာဘက်ထရီ ( Lithium Polymer Battery ) နှင့် နေရာတိုင်းတွင် အမျိုးမျိုးအသုံးပြုနိင်သော ဘက်ထရီများဖြစ်ပါသည်။

ကျွန်တော်တို့၏ထုတ်ကုန်ပစ္စည်းများကို ပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်နိုင်အောင် တိုးချဲ့နိုင်ခဲ့သလို သုံးစွဲသူများ၏ အထူးအော်ဒါများကိုလည်း ပြုလုပ်ပေးနေလျှက်ရှိပါသည်။ ကျွန်ပ်တို့ကုမဏီသည် ဘက်ထရီအမျိုးမျိုးကို ထုတ်လုပ်ပေးခြင်းသာမက ဘက်ထရီရှိအတွင်း စက်ပစ္စည်းများသည် အများနှင့်မတူပဲ သီးသန့်တပ်ဆင်ခြင်းကြောင့် စက်ပစ္စည်းများအတွက် ယုံကြည်စိတ်ချရ ပြီး၊ အခန်းငယ်များဖွဲ့စည်းခြင်း၊ တခုနှင့်တခုချိတ်ဆက်ခြင်းများကို အထူးသီးသန့် ရေရှည်ခံအောင် စီမံပြုလုပ်ပေးထားပါသည်။
ထိုကဲ့သို့ အရည်အသွေးပြည့်မှီစွာ ထုတ်လုပ်ခဲ့ခြင်းကြောင့် ၂၀ဝ၁ ခုနှစ်တွင် သုံးစွဲသူများမှာ ၅၀ဝ အထက်ရှိလာခဲ့ပြီး၊ သုံးစွဲသူတစ်ဉီးကို အကောင်းဆုံးဝန်ဆောင်မှုများ ပေးခဲ့ပါသည်။ ၂၀ဝ၃ နောက်ပိုင်းတွင် ကုမဏီသည် တဟုန်တိုးနာမည်ရလာပြီး လီသီယံပေါ်လီမာဘက်ထရီ ( Lithium Polymer Battery ) ကိုပါဝါအမြင့်ဆုံး ထုတ်လုပ်နိုင်သည့် စီမံကိန်းကို စတင်ခဲ့ပါသည်။ ကျွန်တော်တို့ကုမဏီသည် ယခုအခါတွင် ထုတ်ကုန်ပစ္စည်းများကို အရည်အသွေးပြည့်မှီစွာ ဆက်လက်ထုတ်လုပ်ပြီး သုံးစွဲသူများကို ယုံကြည်စိတ်ချမှုများ ဆက်လက်ပေးသွားမှာဖြစ်ပါသည်။

အရည်အသွေးပြည့်မှီစွာ..
ကျွန်တော်တို့ ကုမဏီရှိ ထုတ်ကုန်ပစ္စည်းများ အရည်အသွေးပြည့်မှီကြောင်း အောက်ပါအချက်များကို ကြည့်ခြင်းဖြင့်
သိရှိနိုင်ပါသည်။ ကျွန်တော်တို့ကုမဏီသည် ISO မှတ်ပုံတင်ထားသော စီးပွားရေးလုပ်ငန်း တခုဖြစ်ပြီး တရုတ်နိုင်ငံ
၏ ကုန်သွယ်မှုကဏ္ဍဍ၌ ပူးပေါင်းသည့် အဖွဲ့ဝင်များလည်း ဖြစ်ပါသည် ။ Hyper Power မှ သင်တို့သည် ပစ္စည်းဝယ်
ယူခြင်း သက်သက်မဟုတ်ပဲ ဝန်ဆောင်မှုဆိုင်ရာများကိုလည်း လေ့လာသင်ယူနိုင်ပါသည် ။
အဆောက်အဉီးများ
ဧရိယာ ၃၀ဝ,ဝ၀ sq ft ထဲရှိစက်ရုံများသည် စက်ပစ္စည်းကရိယာ များအစုံအလင်ဖြင့် ရပ်တည်လျှက်ရှိပါသည်။
ဘက်ထရီစက်ရုံ ၃ ရုံ ရှိပြီး၊ အခြားဒီဇိုင်း အတွက်အဆောက်အဉီးများ၊ စက်ပစ္စည်းဆိုင်များ၊ CAD အတွက်အ
ဆောက်အဉီးများ၊ ထုတ်လုပ်မှုပစ္စည်းများထားရန်နေရာများ အတွက်လည်း အဆောက်အအုံများကို တွေ့မြင်နိုင်
ပါသည်။ နောက်ဆုံးထုတ်လုပ်သော ပစ္စည်းမှာ စူပါလီသီယမ်ပိုလီမာဘက်ထရီ ( Super Lithium Polymer Battery) ဖြစ်ပါသည်။
အကျိုးကျေးဇူးများ
ကျွန်ပ်တို့ကုမဏီသည် အမျိုးမျိုးသော စက်ပစ္စည်းများကို ယနေ့ခေတ်မှီနည်းပညာ များတိုးတက်မှုနှင့်အညီ ထုတ်လုပ်ပေးခြင်ကြောင့် သုံးစွဲသူများအတွက် လုံးဝယုံကြည် စိတ်ချရမည်ဖြစ်သည်။ အရည်အသွေး ပြည့်မှီသော စက်ပစ္စည်းများကို အသုံးပြုသောကြောင့် စက်ပစ္စည်းတီထွင် ဖန်တီးသူများ၏ စိတ်ကူး၊ ဒီဇိုင်းနှင့် ကျွမ်းကျင်မှုများသည် မြင့်မားလာပြီး ကျွန်တော်တို့ Hyper Battery ကုမဏီသည် ဘက်ထရီထုတ်လုပ်ရေး နယ်ပယ်တွင် ပထမဖြစ်လာခဲ့ပြီး၊ အနာဂါတ်တွင်လည်း ပိုမို၍တီထွင် ဆန်းသစ် ထုတ်လုပ်နိုင်ရန် ကြိုးစားလျှက်ရှိနေပါသည်။ ကျွန်တော်တို့သည် ကျွန်ပ်တို့၏ ပစ္စည်းအရည်အသွေး နှင့် ခေတ်မှီစက်ပစ္စည်း ကရိယာများကို ပိုမိုတိုးတက်အောင် ပြုလုပ်ထိန်းသိမ်းရင်း လူသားအားလုံးကို စိတ်ချမှုပေးနေမှာဖြစ်ပါသည်။

Websites' Contents written by Lin Thitsa..

http://powerhotelmandalay.com

Power Hotel is one of the best hotels in Mandalay and it has full of perfect services addition to moderate rooms. Decoration of all seventy four rooms is not only very fascinating and romantic but also completed in room facilities such as 24 hours air conditioning, bathrooms attached to hot and cold shower and others facilities. Having settlement in the center of Shwe Inbin Monastery, Mandalay University, Railway Station, Mahamuni Pagoda, Mandalay People’s Hospital, Institute of Medicine, Sktkyathiha Pagoda and Mandalay Airport, the beauty of city and interesting things are surrounding near the hotel, all guests can easily visit around the city and see the treasures & heritages of Mandalay. Hotel location shaped by scope of Mandalay, greenery can make relaxed and fresh atmosphere for every guest. Hotel cuisine and meals are cooked by experienced chefs so that every guest can order their favorite foods. Beside, easy transportation and travel & tour arrangements are not much burden for every guest under hospitality and responsibility of all employments in Power Hotel.

Websites' Contents written by Lin Thitsa..

Please visit to these sites.
http://qpyangon.com/
Queen’s park hotel is a very significant hotel, located in the centre of Yangon. Excellent facilities and comfortable rooms decorated by western styles, having variety sightseeing, settling in highly living standard area, reasonable price and full services make guests pleasure and happy.

International cooking style and various foods cooking well-experienced chefs feel customers tasty and very pleased. The hotel is an available place for every business man and visitors in easy communication, doing business factors and observing fascinating beauty and places. In addition, easy and quick transportation will take less cost and, only 40 minutes arriving from Yangon airport. The famous Shwedagon pagoda, restaurants, hospitals, clinics, famous cinemas such as thamada, naypyitaw, entertainment centers and many supermarkets are surrounding the hotel.


http://ritzcafeyangon.com/
Ritz Cafe is an interesting cafe shop and located in the unique place of Yangon City. Room decoration is romantic, classic and high standard for various customers’ coming. In spite of ordering delicious coffee mainly, breakfast, lunch and dinner are prepared for international menu. In addition, cold & hot drinks, seasonal fruits with kinds of snacks are made of cleaning and tidy services. Therefore, Ritz Cafe is a food distribution centre for everyone in healthy food & drink and getting new atmosphere. Hearing international songs and watching movies under the light will make you becoming fresh mind and relaxed.


http://yooyoogo.com/

About YooYooGo!

YooYooGo.com is an online travel portal for any solution of tour packages, giving perfect information in the areas of transportation, city guides, destinations, hotels, restaurants, perspectives, living styles, recent events & celebrations and beliefs in Myanmar.

We are serving faithfully to any requests & choices of you. In second part, concern with tour transportation, We, YooYooGo.com team are managing for Landover services such as car rental, highways buses and airlines services, train services and shipping services. Beside transportation services, hotel reservation is mainly served for every foreigner in Myanmar. There are many hotels and different facilities for booking. To inquire detail information of hotel reservation, YooYooGo.com is a completed website for doing this operational plan successfully. Other significance of YooYooGo.com has full of description of destinations, interesting places, entertainment centers, and recreational centers, physical fitness centers in Myanmar for every guest having a nice trip and pleasant time during their entire journeys. There is detail information of Myanmar Cultures, religion, beliefs to identify more with Myanmar people and have enough understanding of contextualizing in business areas, making partnership with Myanmar people in business or other areas. Understanding Myanmar cultures and ways of living are really helpful for being foreigners in place of doing business, making plans and going trips. Don’t be so hesitate for visiting YooYooGo.com Website the time you are coming to Myanmar. Make sure for everything with YooYooGo.com.

ဗလာပာဆရာ..

သူလိုချင်တဲ့ wordsတွေ
သင်ပေးပာတဲ့ structure တွေ
ပြင်ပေးပာတဲ့ writing တွေ
စစ်ပေးပာတဲ့ homework တွေ
အပ်နှံသွားတဲ့ အလုပ်တွေ
လုပ်နေရင်းနဲ့ တယောက်တည်းဖြစ်သွားသည့်...... ငာ

စားမေးပွဲအတွက် ကိုယ်လိုသည်တဲ့
စာတိုဖြစ်ဖို့ လှမ်းခှောပြန်ပြီ
ဘာသာပြန်ဖို့ ရှင်းလင်းဖို့တဲ့
အနားလည်းဆုံး အသိဆုံးဟု
တင်စားခံကာ ချီးမွမ်းသံကြား
သူတို့ပေးတဲ့ ထိုင်ခုံပှောမှာ
ထိုင်မိပြန်သည့် ....................ငာ


ပြီးဆုံးသွားတဲ့စာမေးပွဲ
မလိုတော့သည့် စာတိုစာထွာ
ရှင်းလင်းသွားတဲ့ ဘာသာပြန်စာရွက်
နားလည္သြားတဲ့ ပုစဿဆာမ်ား
စွန့်ခွာသွားသည့် တပည့်များ
ကျန်ရစ်ခဲ့သည့် ဗလာဆရာ...........ငာ

ွGrammar နဲ့ငာ သီးခြားကမဿဘာ

word ဟောင်းတွေကို ငာ အီပြီ
structure တွေလည်း ရိုးနေပြီ
Lesson တွေလည်းထပ်နေပြီ
Pen များလည်းပျောက်နေပြီ
နားတွေလည်း ငြီးနေပြီ
စကားဟာလည်းလွဲနေပြီ........

ငာလိုချင်တဲ့အချိန် Tense ကမပေး
ငာသိချင်တဲ့စကားလုံး Word မှာမတွေ့
ငာရေးချင်တဲ့ sentence structure မှာမရှိ
ငာလိုချင်တဲ့ သင်ခန်းစာ lesson မှာ မပြဌာန်း.......

Tense တွေချဲ့ရင်း အချိန်တွေကြာရင်း
Words တွေရှာရင်း ပြောစရာတွေကုန်ရင်း
Sentences တွေရေးရင်း နှလုံးသားတွေထိခိုက်ရင်း
Lesson တွေကိုသင်ရင်း ဒဏ်ရာတွေသာရရင်........

ပရိယာယ်ကျော့ကွင်း

နှုတ်ဖျားတစုံမှဖွင့်ဟသံများ
စေတနာဟုပြောခဲ့ငာ့အား
၂၄ နာရီရဲ့မိနစ်ချိန်တိုင်း
သူတို့အတွေးနဲ့တစကဿကန့်လှိုင်း
ရပ်ခဲ့မိသည့် ငာ့ခြေလှမ်းတစုံ
ရှေ့ဆက်လှမ်းဖို့ အားတွေမဲ့ကုန်........

ရင်းတွင်းစကား မျက်ဝန်းအဓိပာယ်
ဆုံမှတ်မရှိတဲ့ မျဉ်းပြိုင်အလယ်
နှုတ်ခမ်းတချို့ရဲ့ အပြုံးပန်း
ခံစားမှုစစ်ကို ဖုံးတဲ့အခန်း
မာယာပြည့်နဲ့ ပြိုင်ပွဲဝင်ကာ
ကိုယ်နိုင်ဖို့သာ ကစားလာ......

နားလည်ပေးတဲ့ ကဗျာရယ်

ထာဝရခွဲခွာ
ကောင်းကင်ဘုံမှာ
အရင်ဆုံးသွားတဲ့
အဖေ့အတွက်
တမ်းတရင်းငို
နေ့စဉ်လို
အလွမ်းတွေဖြေဖို့
ကဗျာတွေရေးလို့........


လောကဓံလှိုင်းကြား
နေ့စဉ်ခရီးသွား
အရှုံးတွေတွေ့တိုင်း
ဘဝအဓိပာယ်နက်ရှိုင်း
စိတ်တွေမွန်းကြပ်
စကားတွေထပ်
သက်သာရာထွက်ပောက်
ဖွင့်ဟရေးကာတစ်ပုဒ်လောက်........


ရေရာမသိတဲ့
အချစ်အဓိပာယ်
ရှာဖွေရင်းနဲ့နွံနစ်တယ်
နာကျင်ခဲ့လို့
အမုန်းတွေအလယ်
ခံစားမိတိုင်း
ကဗျာစပ်မယ်................

သူသာအမြဲ

ခံနိုင်စွမ်းမဲ့ နှလုံးသားငယ်
ကြိမ်ဖန်ကြုံတဲ့ ဒုကဿခအလယ်
တုန့်ပြန်မတတ်တဲ့ ရင်ဆိုင်မှု
အမှတ်မထင်ရခဲ့ နာကြင်မှု
တွေးတော သုံးသပ်နည်းလမ်းများ
လက်တွေ့မကျတဲ့ သီအိုရီများ.....


ခိုင်းနှိုင်းသစ်ပင် ဆရာတဆူပင်
ခြောက်သွေ့မည့်ပင် ဓမဿမတာပင်
မြင့်မိုရ်တောင်ပမာ မိဘများလည်း
အိုမင်းသွားကာ ချိန်ခဲ့မြဲပဲ
တရင်းတနှီး မိတ်ဆွေ အနီးအနားရှိလေ
အရေးကြောင်းရှိစေ အဝေးရောက်သွားလေ
ထာဝစဉ်ခိုင်ခန့် သခင့်ရနံ့
အမြဲပင်ခိုင်ခန့် အဆုံးမသတ်

Friday, August 27, 2010

အရိပ်တခု၏အင်အား

ဗ * နေ့စဉ်လှုပ်ရှား ဘဝမထူးခြား
    လောကဓံလှိုင်းကြား အားလုံးခရီးသွား
    ဖန်တီးမိသည့် ပျှောစရာကမဿဘာ
    စိတ်ဓာတ်အင်အား ပြည့်ဖို့ပာ.....

* ဖွင့်ဟထားသည့် ကျွန်မနှလုံးသား
   မွေးဖွားပေးခဲ့ ကျွန်မအချစ်
   ပေးဆပ်ရင်းနှီး သူတို့နှင့်ခရီး
   ကနဿတာရကမဿဘာမွ အရိပ္ရဖို့

* အားအင်ကုန်ခမ်း ပျောက်နေခြေလှမ်း
   အိမ်မက်စိတ်ကူး လက်တွေ့မှာမထူး
  ရင်းနှီးရင်းနဲ့ ဘဝများပျောက်ခဲ့
  ကိုယ့်တဦးအတွက်ပင် မအေးချမ်းချင်

* ငိုယိုရင်းနဲ့ တမ်းတတယ်
   မျှောလင့်ရင်းနဲ့ ရှာဖွေတယ်
   အမှတ်မထင်တွေ့ခဲ့ မေတဿတာရှင်ရယ်
   အချစ်တွေပေးတဲ့ ချစ်သူရယ်
   ရှင်သန်အုံးမယ့် ကျွန်မဘဝရယ်.......
                                               ခိုလှုံခွင့် အမြဲရချင်တယ်

အရိုင်းပန်း..

မျိုးစေ့ကြဲပြီး နှလုံးသာမြေပှော
ရေလောင်းပေးပြီး မြေဩဇာပေးနှော...

ပင်ပျိုရွက်သစ် အချစ်ပင်နုနု
လိုသည်အချစ်စစ် သူ့မေတဿတာတခု

အပူဒဏ် မိုးမာန် နှင်းမုန်တိုင်းကြား
ရင်ခွင်ငွေ့ဖြင့် ထွေးပွေ့ပေးမလား

ဆူးပင် ခြုံတော အရိုင်းပန်းတပွင့်အား
ထာဝစဉ်မက်မော နမ်းရှိုက်မှာလား

အများနဲ့မယှဉ်သာ ပန်းရိုင်းလေးဟာ
ထာဝရလန်းမှာ ချစ်သူ့အတွက်ပာ.....

မဖြေနိုင်အလွမ်း...

   *  ကြယ်လေးတွေကိုမော့ကြည့်တော့လည်း
       ချစ်သူကိုမှမတွေ့ပဲ

   * သံစဉ်တေးသွား ဆိုညည်းတိုင်းလဲ
      အလွမ်းတွေသာ တိုးလာမြဲပဲ

  * အကြိမ်ကြိမ်ပြန်ဖတ် ချစ်သူ့ပြန်စာ
      ရင်မှာရူးမတတ် အချစ်တွေသာ

  * မျှော့လင့်စောင့်စား လေလှိုင်းများကြား
      မအားမလပ်ကြားက ချစ်သူ့အသံများ

   * ပြန်လည်တမ်းတ ပဲ့တင်သံများ
      စကဿကန့်တိုင်းက အလွမ်းတွေပဲလား

ညကောင်းကင်မြင်တဲ့အိပ်ယာ......

 ဒီနေရာတခုမှာ ငာရှုံးစမြဲ
 မိုးကောင်းကင်က နားထောင်ဆဲ
 ဒီနေရာမှာ ငာဒူးထောက်ကာ
အတူရှိနေတာ ဘုရားတပားသာ
အပှောကိုကြည့်၍့် ငာတိုင်တည်
သယ်ဆောင်ပေးဖို့ ချစ်သူဆီ
ဘဝလေလှိုင်း တိုက်လာတိုင်း
အမောတပိုင်း မျက်ရည်ဝိုင်း
ငိုကြွေးမျက်ရည် ရွှဲစိုအိပ်ယာ
တိတ်ဆိတ်ညရဲ့ ကောင်းကင်ပာ..

အစ..အဆုံး..အချစ်..

အချစ်ဆိုတာအသုံးမချတတ်ရင်အဆိပ်.အသုံးချတတ်ရင်အင်အားပဲလို့တွေ့ရှိခဲ့ရပေမယ့်

သေချာမယ်ထင်လို့မျှော်လင့်ပြီးအားစိုက်ခဲ့တဲ့အချိန်.မျှော်လင့်သလိုမဖြစ်လာခဲ့ရင်.

ရင်းနှီးပေးဆပ်ခဲ့ရတဲ့အချိန်ကို..ဘယ်သူကမှပြန်ပေးတော့မှာမဟုတ်ဘူး..

အစကတည်းက.ရှင်းလင်းတဲ့ပန်းတိုင်ဘာလို့အချစ်ရဲ့အစမှာငါမတွေ့ခဲ့တာလည်း

ငါညံခဲ့လို့လား..သို့ ငါ့ရဲ့ကံတရားလား..

တကယ်တော့..ငါအစမ်းသပ်ခံနေရပြီလို့..သိပါလျှက်နဲ့ ရိုးသားစွာငါအချစ်ကိုစိန်ခေါ်မိတာပါ..

အဆုံးထိခရီးမပေါက်မှန်း ..သိခဲ့ရင်..ငါလူတယောက်ကိုချစ်ဖို့အတွက်

ငါ့ရဲ့တန်ဖိုးရှိတဲ့အချိန်၊ နှလုံးသား ၊ စိတ်ထား ၊ မျက်ရည် ၊ အင်အား၊ စွမ်းရည် တွေကို

ငါအသုံးမချသင့်ပါဘူး.

ဘာကြောင့်လည်းဆိုတော့..မရှင်းလင်းတဲ့အချစ်.မသဲကွဲတဲ့ပန်းတိုင်

မရေရာမှုတွေနဲ့ပြည့်နှက်နေတဲ့အချစ်ခရီးမှာ နှစ်ဉီးစလုံးအတွက်

ထိခိုက်မှုများနေလို့ပါ…..တကယ်ဆိုရင်..ငါလိုချင်တာ..

အစ.အဆုံးရှိတဲ့အချစ်ပါ

အစနဲ့အဆုံးရှိတဲ့ အချစ်ဆိုရင်..အစနဲ့အဆုံးကြားမှာ

ဘယ်ပေးဆပ်ရင်းနှီးမှုကိုမဆို. ငါရင်ဆိုင်ဖို့အသင့်ပါပဲ

နောက်တခါဆိုရင်..

ငါအပါအဝင်အားလုံးပေါ့ မြင့်မြတ်တဲ့အချစ်ဆိုတဲ့အရာကို

အသုံးချတဲ့အခါ.အစ.မှအဆုံးထိသွားနိုင်ကြပါစေ..

ခရီးအဆုံးမှာ..စိန်ခေါ်မှုတွေများနေပေမယ့်.

.ပြည့်စုံပြီးအဓိပ္ပါယ်ရှိတဲ့ဘဝအစစ်အမှန်ကိုမြင်တွေ့ရမှာ

ငါအပါအဝင်လူသားများအားလုံး..အချစ်ကိုအကျိုးရှိစွာစိန်ခေါ်နိုင်ပါစေ..

ငါအတွက်တော့..စခဲ့ပြီးသာခရီး ကိုအဆုံးထိလျှောက်ချင်ပါသေးတယ်

ငါအစကနေပြန်လျှောက်ရမှာ အင်အားမရှိတော့လို့ပါ…