ခေတ်မှီခြင်းက..အဆုံးအဖြတ်ပေးမှာလား…..
ဘဝမှာ တခါတလေတော့ စိတ်ဓာတ်ကျခြင်း တွေနဲ့ ကြုံတွေ့ရတာပါပဲ..အဲဒီထဲမှာ အဆိုးဆုံးက..မိမိဘယ်နေရာကို ဦးတည်ပြီး သွားနေသလဲဆိုတာ မသိခြင်းက..အဆိုးဆုံး စိတ်ဓာတ် ကျဆင်းမှူပါပဲ..ကျွန်မအတွက်ပြောတာပါ..တခြားသူတွေတော့ ဘယ်အချိန်ဟာ စိတ်ဓာတ် အကျဆုံးလဲ ဆိုတာတော့မသိဘူး…..
တခါတလေတော့လည်း နိုင်ငံအခြေအနေကြောင့် ၊ စီးပွားရေးအခြေအနေကြောင့် ၊ မိသားစု ကျောထောက် နောက်ခံ အားနည်းမှုတွေကြောင့် မိမိဖြစ်ချင်တဲ့ ပန်းတိုင်နဲ့ လက်ရှိဘဝအခြေအနေဟာ ဝေးနေတတ်ပါတယ်…
အခုခေတ်ဆိုရင်..ဟိုးအရင်တုန်းကလိုမှ မဟုတ်တော့တာ..ကြိုးစားရင် ဘုရားတောင် ဖြစ်နိုင်တယ်ဆိုတဲ့ ဆောင်ဗုဒ် ၊ ရိုးရှိးကျင့် မြင့်မြင့်ကြံ ၊ ယောက်င်္ကျားတို့ဇွဲ သေခါမှလျှော့ ဆိုတဲ့ ဦးတည်ချက်တွေနဲ့ ကြိုးစား ကြညပါသေးတယ်..အမောတပိုင်းနဲ့ မမြင်နိုင်တဲ့ခရီးကို ပြေးနေသလိုပဲ ခံစားမိတယ်…အခွင့်အရေးကို မြင်နိုင်တဲ့သူ အကွက်ကျကျ တွေးတတ်တဲ့သူ..အကပ်ကောင်းတဲ့ သူတွေပဲ..ရှေ့ရောက်သွားသလို ခံစားမိလပါ..ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် မိမိအသွေးအသားထဲမှာ ရှိနေတဲ့ ရိုးသားခြင်း၊ ဖြောင့်မတ်ခြင်း ၊ ဖြူစင်ခြင်းတွေကိုတော့ အမြဲရှင်သန်အောင်တော့ ထားရမှာပဲ..ဒီဘဝမှာ အကျိုးမခံစားရင်တောင်မှ .နောင်ဘဝအတွက် ကောင်းမှုကုသိုလ် တခုရနိုင်အောင်လို့ပါ….
လူတွေဟာခေတ်ဆန်တာကို အရမ်းသဘောကျလာတဲ့အတွက်..ခေတ်ဆန်တာနဲ့ တန်ဖိုးကို ရောနှောနေကြ ပြန်ရော..အင်တာနက်ခေတ်..facebookတွေ ၊ ibod တွေ ၊ Cell Phone တွေ Technoloy ပိုင်းမှာ အရမ်းကို တိုးတက်လာလို့ ဆက်သွယ်ရေး..Net work ချိတ်ဆက်မှုတွေဟာ အရင်ကထက် တိုးတက်လာလို့ အရမ်းကို အားရစရာ ကောင်းတဲ့အပြင်..စိတ်ကြိုက်မိမိတို့ စီးပွားရေးလုပ်ငန်း..privacy ပိုင်းမှာလည်း ဖန်တီးနိုင်ကြပာတယ်..အချိန်မိနစ် တိုတိုလေးအတွင်းမှာ မိမိစိတ်ကြိုက် သတင်းအချက်အလက် information မိတ်ဆွေ လုပ်ဖှောဆောင်ဖက်တွေနဲ့ ချိတ်ဆက်ပြီး လုပ်ငန်းတွေ ကြှောငြာတွေ မီဒီယာ သတင်းတွေ အရင်ကထက် ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်လာနိုင် ကြတာ..အရမ်းကို အားကျစရာ ကောင်းပြီး တိုးတက်စရာ တခုပါပဲ..
ဒါပေမယ့် ကျွန်မ ခံစားမိပါတယ်..ဝမ်းနည်းစရာ ကောင်းတဲ့ အရာက..ခေတ်ရှေ့ ပြေးတာနဲ့အညီ..အကျင့် habit တွေ ၊ love တန်ဖိုးထားတာတွေ၊ မိတ်ဆွေစစ်.ခင်မင်ရင်းနှီး တာတွေ ဟာ..ခေတ်နဲ့ ရောနှော သွား တတ်ပါသလား…အရင်ကဆိုရင် မိန်းကလေး တယောက်ကို ချစ်ကြိုက်ဖို့အတွက် အရမ်းကို အရိုန်ယူပြီး ပေးဆပ်ကျတဲ့ ယောင်္ကျားလေးတွေ၊ love ကိုပြန်တုန့်ပြန်ဖို့ သေချာဆန်းစစ်ပြီးမှ ချစ်တယ်လို့ တုန့်ပြန်တတ်တဲ့ မိန်းကလေးတွေ ၊ အခုများကျတော့ ချက်တင်ထိုင်ရင်း ချစ်သူရှာ ဘာဘာညာညာ သေချာမသိပဲ ချစ်တယ်လို့ ၃ ယောက်ထက် မနည်း စတွေးမျိုသလို လွယ်လိုက်ကြတာ..အချစ်ကိုဘာကြောင့်များ ပြီးစလွယ် အသုံးပြုနေကြပာလိမ့်လို့ ကျွန်မ စဉ်းစားမိရင်း..စိတ်ထိခိုက် မိပါတယ်.မိမိနိုင်ငံမှာ အခြားနိုင်ငံတွေထက် တိုးတက်အောင် မနည်း အရှိန်ယူ အားစိုက် နေရတာတောင်..တခြား နိုင်ငံတွေကို မယှဉ်သာသေးတဲ့ ကျွန်မတို့ဟာ..ခေတ်ရှေ့ ပြေးတဲ့ အရာတွေကို..မိမိတိုးတက်ဖို့..မိမိလုပ်ငန်း တွင်ကျယ်ဖို့ ..အများ အကျိုးရှိစေ ဖို့ နိုင်ငံ တိုးတက်ဖို့ အတွက် အသုံးချ သင့်ပါတယ်လို့ တွေးနေမိပာတယ်…
ကျွန်မကတော့လေ..အခုချိန်မှာ မိမိဖြစ်ချင်တဲ့ ပန်းတိုင်နဲ့ ဖြစ်နေတဲ့ ဘဝဟာ အရမ်းကို ကွာခြားနေတယ်ဆိုတာ သိပါတယ်..ဒါပေမယ့် မလျှော့သောဇွဲ..တွေနဲ့ မိမိလက်ရှိ အခြေအနေကို အကောင်းဆုံးဖြစ်အောင် ခြေကုပ်ယူရင်း မြတ်စွာဘုရား ဟောကြား သလိုပဲပေါ့..ကောင်းမှုကုသိုလ်လုပ်ရင် အဲဒီအကျိုးကို ပြန်ခံစားရတယ်ဆိုတော့..အလောဘ၊ အဒေါသ၊ အမောဟ တွေပဲဖြစ်အောင် နှလုံးသွင်း ရင်း သွားနေမယ် ဆိုရင်..ကံတရားဆိုတာ ဖြောင့်မတ်သောသူ ၊ ရိုးသားသောသူ ၊ဖြူစင်သောသူတို့ ဖက်မှာ ရှိနေမှာပါ…ရှေ့ပြေးနေတဲ့ ခေတ်ကို အမှီလိုက်ရင်း..အဲဒီ ခတ်ရှေ့ပြေးတွေဟာ..ဘဝတိုးတက်ဖို့အတွက် ပစဿစည်း ကရိယာတွေ အဖြစ်ပဲ သဘောထားရင်း…လက်ရှိ အခြေအနေကို ကြည့်ရင်း စိတ်ဓာတ် အင်အား ကျဆင်းနေတဲ့ စိတ်ကို အမြန် ကောက်တင်ရင်း..မိမိအထဲမှာ ပေါက်ဖွားနေတဲ့ ဖြူစင်ခြင်း ၊ ရိုးသားခြင်း ၊ ဖြောင့်မတ်ခြင်း နှင့် ချစ်ခြင်း တရားတွေကို အသုံးပြုရင်း…ပြန်ထပြီး..အရှေ့ကိုကြည့်ကာအားယူနေမှာပါ. အဲဒီအရာတွေ သုံးလို့ အတယ်၊ ဉာဏ်မရှိဘူး ၊ ခေတ်မမှီဘူးလို့ တော့ မထင်လိုက် ပါနဲ့..ရိုးသားဖြူစင်ခြင်းဟာ..ရိုးအပြီး အသိဉာဏ် မရှိတာ မဟုတ်ပါဘူး ..တရား ကို လက်တွေ့ဘဝ နယ်ပယ်ထဲမှာ အသုံးချတာဟာ အခု ဘဝအတွက် ရော..နောက်ဘဝ အထိပါ.ပါသွားမယ့် အရာတွေပာ…တနေ့နေ့ တချိန်ချိန်မှာ ချစ်ခြင်း စေတနာ တရားသာ အားလုံး အတွက် ခိုလှုံရာ..နားခိုရာဆိုတာ သဘောပေါက်လာကြမှာပါ.ဒါကြောင့် ခေတ်ရှေ့ပြေးတဲ့ အရာတွေကိုအသုံးပြုရင်း ချစ်ခြင်းကို ( မိတ်ဆွေကြား ၊ ချစ်သူကြား ၊ ဇနီးမောင်နှံကြား ၊လုပ်ဖော်ဆောင်ဖက်ကြား ) ကိုလည်း..အထူးတန်ဖိုး ထား လေးနက်စွာ တည်ဆောက် နိုင်ကြပါစေ…စိတ်ဓာတ် ကျဆင်းနေတဲ့ အချိန်မှာ..မိမိဘဝရှေ့ဆက်နိုင်ဖို့..ချစ်ခြင်းတရားကပဲ တွန်းပို့ပေးနိုင်တာပါ..အဲဒီချစ်ခြင်း စေတနာ ပိုင်ရှင်ကို.ကျွန်မအရာအားလုံးထက် တန်ဖိုးထားပါတယ်….တွေ့လည်းတွေ့ချင်ပါတယ်..သူနဲ့လည်းအမြဲအတူ
နေချင်ပါတယ်..စိတ်ဓာတ်ကျ ဘဝမှာ လမ်းပျောက်တိုင်း သူလက်ကိုဆွဲပြီး ပြန်ထချင်လို့ပါ
No comments:
Post a Comment